14

1.3K 215 17
                                    

မနက်ခင်းညီလာခံအပြီး မယ်မယ့်ဆီသွားဖို့ Sehun ဦးတည်လိုက်သည်။ အကြောင်းကိစ္စမရှိလျှင် Sehun အဆောင်ဘက်ကို ယောင်လို့တောင် လှမ်းလေ့မရှိတာကြောင့် ကျန်းမာပါကြောင်းတော့ နှုတ်ဆက်ဖို့ရည်ရွယ်ထားသည်။ ဒါ သားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလို့ Sehun ထင်သည်။

"ဦးရီးတော် ရောက်နေပါတယ် မင်းသား .. ကျွန်မလျှောက်တင်ပေးပါ့မယ်"

ရှန့်ကုံးကိုလက်ပြလိုက်ပြီး ဒီအတိုင်းသာ ဝင်လာခဲ့လိုက်သည်။ တစ်ခါတလေမှ အလည်လာလေ့ရှိသည့် ဦးရီးတော်နဲ့ ပြောစရာတွေအများကြီး ရှိနေမှာ အသေအချာပင်။

"ဘာတတ်နိုင်တော့မှာလဲ .. အဲ့ကလေး သေလားရှင်လားတောင် မသိတော့တာ"

ထူးဆန်းတဲ့အကြောင်းအရာမို့ Sehun ချက်ချင်းဝင်မသွားဘဲ အကွယ်လေးကနေ နားထောင်နေလိုက်သည်။

"တောင်းပန်ပါတယ် .. ငါလည်းအဲ့တုန်းက .."

"ထားလိုက်ပါတော့ .. ပြီးခဲ့တဲ့ကိစ္စတွေ ကျွန်မမကြားချင်တော့ဘူး .. ကျွန်မမှာ Sehun ဆိုတဲ့ သားတစ်ယောက်ပဲရှိတယ် .. တခြား ကျွန်မ စိတ်မဝင်စားဘူး .. သွေးသားဆိုတော့ရော ဘာဖြစ်သေးလဲ .. Sehun မှာအမြွှာရှိတဲ့ကိစ္စကို ဘယ်သူထပ်သိသေးလို့လဲ .. သားကို အိမ်ရှေ့စံဖြစ်အောင် လုပ်ကိုလုပ်ရမယ် အစ်ကိုတော်"

"မယ်မယ်အခု ဘာပြောလိုက်တာလဲ"

ရုတ်တရက်ထွက်ပေါ်လာတဲ့ Sehun ကိုကြည့်ပြီး အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ဘယ်အချိန်ကတည်းက အဲ့နားမှာရှိနေခဲ့တာလဲ။

"ကျွန်တော့်အမြွှာဆိုပေမယ့် မယ်မယ် ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ သူပဲလေ .. ဘာလို့ ဒီလိုစွန့်ပစ်ရက်ရတာလဲ"

"Sehun .. သား ထင်သလိုမဟုတ်ဘူး"

"အဟက် .. အာဏာကို ဒီလောက်မက်နေတာလား .. မယ်မယ့်မှာ မိခင်စိတ်မရှိဘူးလား"

စကားလုံးတွေက ထိထိမိမိဖြိုခွင်းသည်။ ဟုတ်သည်။ သူမ အာဏာတစ်ခုပဲ သိသည်။ နောင်တစ်ချိန် သူမ မရှိရင် ဒါမှမဟုတ် အရှင်မင်းကြီးပါ မရှိတော့ရင် ပရိယာယ်များလွန်းတဲ့ လောကကြီးထဲ Sehun ကို လက်ညှိုးထိုး မေးငေါ့မှာတွေ မလိုချင်ပါ။ အင်အားအကြီးဆုံးသူအဖြစ်သာ ဦးညွှတ်စေချင်သည်။

Sacrifice Where stories live. Discover now