20

1.1K 190 17
                                    

မယ်မယ့်အဆောင်ကိုမရောက်ဖြစ်တာကြာပြီမို့ သားတစ်ယောက်ရဲ့ ဝတ္တရားအတိုင်း ကြည့်ရှုဖို့ရာ ရောက်လာခဲ့သည်။ ဘယ်လိုပဲ သဘောထားချင်းမတိုက်ဆိုင်ပါစေ မိမိကို မွေးထုတ်ထားတဲ့ မယ်တော်ဖြစ်တာကြောင့် လျစ်လျူ မရှုချင်ပါ။ Sehun ရောက်လာတော့ အနည်းငယ်အံ့ဩသွားပေမယ့် ပကတိ တင်းမာသော မျက်နှာထားနှင့်သာ စကားကိုလက်ခံပြောသည်။

"ဘယ်အချိန်ထိ ဆိုးနေဦးမှာလဲ Sehun .. မယ်မယ့်စကားကို နားထောင်သင့်ပြီ မဟုတ်လား"

"ကျွန်တော် ထိမ်းမြားဖို့မတွေးချင်သေးဘူး .. ပြီးတော့ ကျွန်တော်မှ မချစ်တာ"

"Sehun .. မင်းစိတ်ထဲဘာတွေတွေးနေလဲဆိုတာ မယ်မယ်သိတယ် .. ဟန်မင်းသမီးက မင်းကို ဘယ်လောက်သဘောကျလဲဆိုတာ မယ်မယ်မြင်နေရတာပဲ .. အခုတော့ .."

မယ်မယ်က စကားကို ဆက်မပြောချင်ဟန်နှင့် သက်ပြင်းမော ရှိုက်ထုတ်သည်။ အိမ်ရှေ့စံဆိုတဲ့ ဂုဏ်ပုဒ်ကိုကျော်ပြီးမှ သာမန်မင်းသားတစ်ပါးဖြစ်တဲ့ Sehun ကို နှစ်သက်နေတာ သိသာပေမယ့် ရှေ့မတိုးတာကြောင့် ဆောင်ဂျွန်းနဲ့သာ မင်္ဂလာကိစ္စပြောဖြစ်ခဲ့သည်။

"အရှင်မင်းကြီးဆီကိုရော သွားကြည့်ဖြစ်သေးလား"

"နာမကျန်းဖြစ်နေတယ်လို့တော့ ကြားပါတယ် .. "

"ဒါဘာကိုဆိုလိုတာလဲ .. Sehun .. မင်းလုပ်ချင်တာ လုပ်နေလို့မရဘူး .. ဒီနန်းတော်ထဲမှာ မိဖုရားခေါင်ကြီးက ဘယ်လောက် အင်အားကြီးမားနေလဲဆိုတာမသိဘူးလား"

"ကျွန်တော် သွားကြည့်တော့ရော ဘာထူးမှာလဲ .. အမြင်ကြည်တာမှမဟုတ်တာ .. ကျွန်တော့်ကိုမြင်လို့ ရောဂါတွေတိုးနေဦးမယ်"

"ဒီလိုအခြေအနေရောက်အောင် မင်းဖန်တီးခဲ့တာလေ .. ငါ့စကားကိုနားထောင်ရင် ဒါမျိုးဖြစ်လာစရာအကြောင်းမရှိဘူး"

"ပြောစရာဒါအကုန်ပဲဆို ကျွန်တော့်ကို ခွင့်ပြုပါဦး .. လုပ်စရာလေးတွေ ရှိနေသေးလို့ပါ"

ချော့ပြောလည်းမရတော့အောင် Sehun က ဘယ်သူ့စကားမှ နားမဝင်ပေ။ ဒီပုံစံအတိုင်းဆက်သွားမယ်ဆို အနာဂတ်က ရင်လေးစရာကောင်းသည်မို့ သူမလည်း မတွေးဝံ့တော့ပါချေ။

Sacrifice Where stories live. Discover now