12

1.4K 249 38
                                    

အထဲဝင်မလို အပြင်ပဲ ဆက်သွားမလိုနဲ့ နန်းတော်ရှေ့ ရစ်သီရစ်သီလုပ်နေတဲ့ Jongin ကို တံခါးပေါက်ဝမှာ တာဝန်ကျနေတဲ့ ရဲမက်တွေသာမသိလျှင် စစ်မေးခံရနိုင်သည်။ အရင်ဆို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ခဲ့ပေမယ့် အခုမှ တုံ့ဆိုင်းနေတာတော့ ရယ်ချင်စရာကောင်းလိမ့်မည်။

"ဝင်သွားရမလား .. Sehun ရောက်နေတာ သိရဲ့နဲ့ မသွားလို့ကောင်းပါ့မလား"

"ဒါပေမယ့် ကျောင်းကတစ်ယောက်ယောက် မြင်သွားရင် ပြောစရာများကုန်မှာပေါ့"

ချီတုံချတုံဖြစ်နေပြီးမှ Jongin ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်နိုင်သည်။

"အတန်းတက်ဖို့ရှိနေတာပဲ .. Sehun နားလည်ပေးမှာပါ"

အပြန်လမ်းမှာ စိတ်မပါတဲ့ခြေလှမ်းတွေနဲ့ တရွေ့ရွေ့လျှောက်လာခဲ့သည်။ လူရှုပ်တဲ့ ဈေးလမ်းတွေကို ဖြတ်ရတော့ Jongin တွေးမိသည်။ ဘာလို့များ Sehun နဲ့ ဝေးသွားသလို ခံစားနေရတာလဲ။

"သတိထားမှပေါ့သခင်လေး"

ချိုသာညက်ညောနေတဲ့ အသံကြောင့် တိုက်မိတဲ့သူကိုကြည့်မိတော့ Jongin မျက်နှာပင် ပူလာရသည်။ ရောင်စုံဂါဝန်တွေကို ဆင်ယင်ထားတဲ့ မိန်းကလေးတစ်သိုက်က ဦးထုပ်ဝိုင်းကြီးတွေကို မျက်နှာကွယ်လုမတတ်ဆောင်းထားသေးသည်။ အမွှေးနံ့ခပ်အီအီက နှာဖျားဝကို အလုအယက်တိုးဝင်လာတော့ Jongin ခြေနှစ်လှမ်းလောက် နောက်ဆုတ်မိသည်။

"တောင်း .. တောင်းပန်ပါတယ် .. ကျွန်တော် .. နည်းနည်း အာရုံလွင့်သွားလို့ပါ"

အသဲအသန်တောင်းပန်မိတော့ မိန်းကလေးတွေဆီက ခိုးခိုးခစ်ခစ် ရယ်သံကြားရသည်။ Jongin ကတော့ နေရာမှာတင် အငွေ့ပျံသွားလိုက်ချင်ပြီ။ ခေါင်းဆောင်ဖြစ်ပုံရတဲ့ မိန်းကလေးက Jongin ကို အဆင်ပြေကြောင်းပြောပြီး လမ်းဖယ်ပေးသည်။

"သခင်လေးက ယောက်ျားပီသလိုက်တာ"

"တစ်ခါလောက် လာလည်ရင် ကောင်းမှာပဲ"

"aigoo .. အခုတောင် ရှက်နေတာကို .. အဟိ"

လှည့်ပင်မကြည့်တော့ပဲ ပြေးလုမတတ်ခြေလှမ်း ကြဲကြီးတွေနဲ့ထွက်သွားတဲ့ Jongin ကို မှတ်ချက်မျိုးစုံပေးနေကြသည်။ ခေါင်းဆောင်မိန်းကလေး တစ်ချက်ဟန့်လိုက်တော့ အားလုံးက ငြိမ်သွားကြသည်။

Sacrifice Where stories live. Discover now