ဆောင်ဂျွန်းမင်းသား နန်းမတက်ခင်အတောအတွင်း မင်းကြီးရဲ့နန်းဆောင်ထဲတွင် လူတွေရှုပ်နေကြသည်။ မိဖုရားခေါင်ကြီး ဦးဆောင်ပြီး ပစ္စည်းတစ်ခုကို အလောတကြီးဖြင့် ရှာနေကြပုံပေါ်သည်။ ချောင်ကြိုချောင်ကြားထိ နှိုက်နှိုက်ချွတ်ချွတ်ရှာနေပေမယ့် လိုချင်တဲ့ပစ္စည်းက လုံးလုံးပေါ်မလာပါချေ။
"ရှာမတွေ့ဘူး မယ်မယ် .. ကျွန်တော်မျိုးတို့ထက် လက်ဦးသွားတဲ့သူ ရှိနေပြီထင်တယ်"
"မဖြစ်နိုင်တာ .. အဲ့တံဆိပ်ပြားက ဘယ်လောက်အရေးကြီးသလဲ .. ထပ်ရှာကြ"
တံဆိပ်ပြားပိုင်ဆိုင်ရတဲ့သူက ဘုရင်တစ်ပါးကဲ့သို့ အာဏာရရှိမည်ဖြစ်သောကြောင့် တခြားသူလက်ထဲတော့ အပါမခံနိုင်ချေ။ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ တံဆိပ်ပြားက ဆောင်ဂျွန်းအလှည့်မှ လက်ထဲမရှိတာကြောင့် အမည်ခံ ဘုရင်တစ်ပါးမဖြစ်စေလို။ မတော်တဆ Sehun ကိုသာ ပေးခဲ့ရင် တိုင်းပြည်မှာ အရှင်သခင်နှစ်ယောက်ဖြစ်သွားနိုင်သည်။
"Sehun ကို ပေးခဲ့တာရော မဖြစ်နိုင်ဘူးလား"
"မင်းသားလေးက နောက်ဆုံးချိန်ထိတောင် လာမတွေ့ခဲ့ပါဘူး မယ်မယ်"
သားကိုမပေးခဲ့ရင်တော့ ဖြစ်နိုင်တာက တစ်ယောက်ပဲရှိတော့မည်။ ဒါပေမယ့် တံဆိပ်တော်ကတော့ ထူးဆန်းစွာ ပျောက်ဆုံးနေဆဲ ..
~~~~~
"အား .. လုံးဝမရတော့ဘူး .. ခေါင်းတောင်မူးလာပြီ"
စာရွက်တွေကို တဖြတ်ဖြတ်လှန်ရင်း ထအော်တဲ့ Baekhyun ကြောင့် Jongin ထရယ်မိသည်။ ဒါတောင် နှစ်ဆယ့်လေးနာရီမှာ တစ်နာရီလောက်ပဲ စာလုပ်ခိုင်းလို့ရတာမျိုး။
"ဒါဆိုလည်း နောက်မှကြည့်လေ .. စာမလုပ်လို့တော့ မရဘူး .. စာမေးပွဲကနီးနေပြီ .. ဒါပြီးရင် ငါတို့စာကြည့်စရာမလိုတော့ပါဘူး"
"ငါကျောင်းမပြီးချင်သေးဘူး"
"ဘာလို့လဲ"
"ငါတို့ Jongin လေးကို မခွဲနိုင်လို့"
"ဘာများလဲလို့"
အကောင်းမှတ်လို့ နားထောင်နေတုန်း ထဖောက်တာကြောင့် Baekhyun နောက်စေ့ကို တစ်ချက်ပိတ်ရိုက်လိုက်သည်။ အားမပါပေမယ့် Baekhyun ကတမင်မှောက်ချပြီး စားပွဲပေါ်အိပ်လိုက်သည်။
![](https://img.wattpad.com/cover/191279018-288-k556994.jpg)
YOU ARE READING
Sacrifice
Historical FictionIn the Joseon dynasty, the second prince rises to claim the throne, but his heart remains bound to his childhood friend-a forbidden love. SEKAI Historical Fanfiction