16

1.3K 222 57
                                    

ဆောင်ဂျွန်းမရှိတဲ့ အတောအတွင်း ကိစ္စအဝဝက Sehun ခေါင်းပေါ်ရောက်လာသည်။ တစ်နေ့ထက်တစ်နေ့ ရောက်လာလိုက်တဲ့ စာလွှာတွေဆိုတာ Sehun ဖတ်၍ပင်မနိုင်တော့။ ဆောင်ဂျွန်းမရှိမှ ပိုလို့ပင် တောင်းဆိုစရာတွေ များလာဟန်တူသည်။ ဖြေရှင်းခိုင်းသည့် အမှုတွေလည်း မနည်းမနော။ ခမည်းတော်က ညီလာခံလောက်သာ တက်၍ ကျန်တဲ့ ကိစ္စတွေဆို ဝင်မစွက်ဖက်ပေ။ အခက်တွေ့အောင် တမင်လုပ်နေကြလားမသိပေမယ့် လုပ်ပိုင်ခွင့် အပြည့်အဝ မရှိတဲ့ သာမန်မင်းသားတစ်ပါးမို့ Sehun ဝင်မပါချင်ပါ။ ဘာအတွက်ကြောင့် အိမ်ရှေ့စံရဲ့ တာဝန်တွေကို ခွဲယူပေးဖို့ လုပ်နေရမှာလဲ။ ဒါတွေဟာ ဆောက်ဂျွန်းကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ အရာတွေပဲမလား။

"မင်းသား .. ကျွန်တော်မျိုး လျှောက်တင်စရာလေးရှိလို့ပါ"

"သေရေးရှင်ရေးမဟုတ်ရင် အထိန်းတော်ကြီးလည်း ကျွန်တော့်ကို ဘာမှမပြောနဲ့"

မယ်မယ့်ကိုပင် အဝင်မခံတဲ့အထိ Sehun မင်းသားက ဘယ်သူ့ကိုမှ တွေ့ပေးနိုင်မှာမဟုတ်ကြောင်း အမိန့်ထုတ်ထားသည်။ စိတ်ပင်ပန်းပြီး ရှုပ်ထွေးနေပုံရတဲ့ မင်းသားကြောင့် အထိန်းတော်ကြီးလည်း မလျှောက်တင်ဘဲ ထားလိုက်ရင်ကောင်းမလား တွေးမိသည်။ ဒါပေမယ့် ..

"သခင်လေး အကြောင်းပါ မင်းသား"

"အထိန်းတော်ကြီးကရော ကျွန်တော်လွန်တယ် ထင်လို့လား .. နန်းတွင်းသူတွေနဲ့ သူစကားပြောတာ ကျွန်တော်မကြိုက်လို့ မလာခိုင်းတာလေ .. မလိုလားအပ်တဲ့ ပြဿ နာတွေဖြစ်လာမှာစိုးလို့"

"အခု သခင်လေး ပျောက်နေတယ်"

"ဘယ်လို .. Jongin ပျောက်နေတာလား"

"ပျောက်တယ်လို့ ပြောရမှာလည်း မဟုတ်သေးဘူးထင်တယ် .. သေချာတာတော့ သခင်လေး အိမ်မှာမရှိဘူး"

"ခဏလေး .. ကျွန်တော့်ကို နားလည်အောင် ပြောစမ်းပါ .. ကျောင်းပိတ်ထားတာကို အိမ်မှာ မရှိဘူးဆိုတော့ သူကဘယ်သွားနေလို့လဲ"

"သူ့မိသားစုကတော့ အေးဆေးပါပဲ .. သူငယ်ချင်းအိမ်မှာရှိနေတယ်လို့ အကြောင်းကြားထားတယ်တဲ့ .. ဒါပေမယ့် သခင်လေးမှာ သူငယ်ချင်းဆိုလို့ .. "

Sacrifice Where stories live. Discover now