24

1K 174 20
                                    


"တကယ်ပဲ အဲ့လိုစဉ်းစားထားတာလား မင်းကြီး"

အခေါ်ရှိတယ်ဆိုတာကြောင့် Jongin ရောက်လာခဲ့ပေမယ့် မယ်မယ်ကြီးရဲ့အသံကို ကြားလိုက်ရသည်မို့ မဝင်သေးဘဲ ရပ်နေမိသည်။ တမင်ခိုးနားထောင်ဖို့ မကြံရွယ်မိသော်လည်း မင်းကြီးရဲ့ စကားကြောင့် မစူးစမ်းဘဲ မနေနိုင်တော့။

"ဒါဆို ဘယ်သူသွားရမှာလဲ မယ်တော် .. ဒီအခြေအနေနဲ့ စစ်ပွဲကို ရပ်တန့်စရာ အကြောင်းမရှိဘူး"

"သေချာတွေးကြည့်ပါ အရှင်မင်ကြီး .. နန်းတွင်းထဲမှာ မင်းကြီးသာမရှိရင် မငြိမ်မသက်တွေဖြစ်ကုန်ပါလိမ့်မယ် .. အပြင်မီးကို ငြှိမ်းရင်းနဲ့ အတွင်းထဲမှာ တမြေ့မြေ့လောင်နေတဲ့ ပြဿနာတွေကို မီးစာထည့်သလိုဖြစ်သွားပါ့မယ်"

"မယ်တော်က ဘယ်လိုဖြစ်စေချင်တာလဲ"

"တခြားတစ်ယောက်ကို လွှတ်လိုက်တာ ပိုကောင်းပါတယ် မင်းကြီး"

"ဘယ်သူရှိသေးလို့လဲ မယ်တော် .. မဟုတ်မှ .."

"မင်းကြီးထင်နေတဲ့သူပါပဲ"

Sehun ကို လွှတ်ဖို့ကြံနေတာများလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

"ဟယ်ဘင်မယ်မယ် နေထိုင်မကောင်းဖြစ်နေတာကို .."

"မိသားစုအရေးထက် တိုင်းပြည်က ပိုပြီးအရေးကြီးတယ်ဆိုတာ မင်းသားလက်ခံမှာပါ"

"ဒါပေမယ့် .. "

"ဒီလောက်ဆို မင်းကြီးသဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .. လက်ဆင့်ကမ်းလာတဲ့ အာဏာတံဆိပ်ပြားလည်း ရှာမတွေ့သေးဘူးဆိုတာ မမေ့ပါနဲ့"

မယ်မယ်ပြန်ကြွတော့မယ်ဆိုတာကြောင့် Jongin ဘေးကအကွယ်လေးမှာ အမြန်ဝင်ပုန်းနေလိုက်ရသည်။ ဒီရက်တွေမှာ Sehun က အရမ်းစိတ်ပင်ပန်းနေရတာမို့ စိုးရိမ်စိတ်က တရိပ်ရိပ်နဲ့ မြင့်တက်လာသည်။ လူကြီးမင်းတချို့ကလည်း မိဖုရားခေါင်ကြီးကို ဆန့်ကျင်နေချင်ကြတာဆိုတော့ ဆောင်ဂျွန်းသာ မနေခဲ့ရင် ကမောက်ကမဖြစ်ကုန်မှာ မလွဲ။

"ရောက်နေရင်လည်း ဝင်ခဲ့လေ"

"တောင်းပန်ပါတယ် .. ကျွန်တော်မျိုး မင်းကြီးအခေါ်တော်လွှတ်လိုက်လို့ ရောက်လာတာပါ .. တမင်ခိုးနားထောင်တာ မဟုတ်ပါဘူး"

Sacrifice Where stories live. Discover now