18

1K 196 24
                                    

ဟန်မင်းသမီးအလည်ရောက်လာမယ့် သတင်းကြောင့် ဧည့်ဝတ်ကျေချင်လွန်းသူနှစ်ယောက်ကို ပြပါဆိုလျှင် Sehun ရော ဆောင်ဂျွန်းရောမဟုတ်သည့် သူတို့၏မယ်တော်များကို ပြရပါလိမ့်မည်။ Sehun ကတော့ ကိုယ်နဲ့မဆိုင်သလိုပင် နန်းတော်အပြင်ရဲ့ လျှို့ဝှက်တွေ့ဆုံမှုလုပ်နေကျ နေရာတစ်ခုမှာ ရောက်နေသည်။ ရေနွေးကြမ်းခွက်က ရှေ့မှာရှိနေပေမယ့် မိမိလုံခြုံရေးအရ ယောင်လို့တောင် သောက်ကြည့်လေ့မရှိပါ။

"ဘာထူးလဲ"

လိုရင်းကိုသာ တိုတိုတုတ်တုတ်မေးလိုက်သည်။

"မင်းသားပြောတဲ့နေရာကို သွားစုံစမ်းကြည့်တော့ ဖြစ်နိုင်ချေရှိတဲ့သူအကြောင်း သိခဲ့ရပါတယ် .. သူ့ကိုမွေးစားထားတဲ့ လူတွေပြောတဲ့ပုံအရ မင်းသားရှာနေတဲ့သူပါပဲ .. မကြာသေးခင်က နန်းတော်ထဲအလုပ်လုပ်ဖို့ဆိုပြီး ထွက်သွားပါတယ် .. သူပြောတာမမှားဘူးဆိုရင် သေချာပေါက် မင်းသားနဲ့အနီးဆုံးကို ရောက်နေတာပါပဲ"

"ဘယ်လို .. သူက ဘာအလုပ်လုပ်တာတဲ့လဲ"

"သေချာတော့မပြောသွားပါဘူး .. သူအရင်ကတော့ ဆေးပညာအကြောင်း လေ့လာဖူးတာ သိခဲ့ရပါတယ် .. ပြီးတော့ .. မိန်းကလေးပါ"

Sehun အံ့ဩသွားရသည်။ သူ့အမြွှာကို ယောက်ျားလေး ထင်ခဲ့ပေမယ့် မိန်းကလေးဖြစ်နေသည်တဲ့လား။ ပြီးတော့ နန်းတွင်းမှာ အလုပ်လုပ်နေတဲ့ နန်းတွင်းသူတွေထဲက တစ်ယောက်။

"နာမည်သိခဲ့လား"

"ယောင်းအာလို့ ခေါ်ကြပါတယ်"

"ကောင်းပြီ .. ပင်ပန်းသွားပြီပေါ့"

"မင်းသားအတွက်ဆို ဒီလောက်က မပြောပလောက်ပါဘူး"

"အဟား .. ဒီအတိုင်းတော့ ငါ့ကိုမကူညီလောက်ဘူးထင်တယ် .. အကြောင်းတစ်ခုခုတော့ ရှိမယ်နဲ့တူတယ် .. လိုချင်တာပြောလေ"

Sehun လည်း အကင်းပါးသူမို့ သွယ်ဝိုက်မနေဘဲ တည့်တိုးမေးလိုက်သည်။

"မင်းသားက တကယ်ထက်မြက်တာပဲ .. ကျွန်တော့်ကို မင်းသားဆီမှာ ခစားခွင့်ပြုပါ .. အသက်နဲ့ရင်းပြီး သစ္စာရှိရှိနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်"

Sacrifice Where stories live. Discover now