23

1K 171 28
                                    


ကောင်းကင်ယံမှာ တိမ်မျှင်တချို့သာ ရှိနေလေတော့ ပုံမှန်ထက် ပိုမြင့်နေသလို ခံစားရသည်။တစ်နည်းအားဖြင့် ပို၍ အလှမ်းဝေးနေသကဲသို့။ သစ်ရွက်လေးတွေလှုပ်ရှားရအောင်လည်း လေပြေက ပေါ်မလာလေပြန်တော့ တိတ်ဆိတ်ငြိမ်သက်နေလျက်။ ပိုဆိုးတာက သူနဲ့ Sehun ကြားကလေထုက အေးစက်သိပ်သည်းနေခြင်းပင်။

"ငါ့ကို အချိန်အတော်ကြာအောင် လျှို့ဝှက်ထားခဲ့တာပဲ"

စိတ်ပျက်သွားတဲ့ပုံစံတော့ မဟုတ်လောက်ဘူးထင်ရပေမယ့် Sehun မျက်လုံးတွေကို ရင်ဆိုင်ဖို့တော့ သတ္တိမရှိခဲ့ပါ။

"တောင်းပန်ပါတယ် Sehun .. ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး .. ငါ့မှာ ငြင်းဖို့လည်း အခွင့်အရေးမရှိခဲ့လို့ပါ"

"မင်းရဲ့ကိစ္စတွေ ငါဝင်စွက်ဖက်မှာ အဲ့လောက်ကြောက်သလား .. ငါက ဒီလောက်လေးတောင် သိခွင့်မရှိတော့ဘူးလား Jongin"

"ငါ့ကို စိတ်ဆိုးနေမယ်ဆိုတာ သိပါတယ် .. မင်းကြီးဆီမှာ အမှုထမ်းရပေမယ့် ငါတို့ကြားက သံယောဇဉ်တော့ မပျက်စီးသွားဘူးမလား"

မျက်နှာပြောင်တိုက်ကာ မေးမိတော့ အဓိပ္ပါယ်ဖော်မရတဲ့ ရယ်သံကို ကြားရသည်။ ဆောင်ဂျွန်းနဲ့ သူနဲ့က ဘယ်တော့မှ အဆင်ပြေမလာနိုင်တဲ့ ဆက်ဆံရေးမှန်း Jongin နားလည်ပေမယ့်ပေါ့။

"စိတ်ဆိုးရမယ်ဟုတ်လား .. ငါ့မှာ စိတ်ဆိုးခွင့်ရော ရှိလို့လား .. ဟမ် .. မင်းဘာလုပ်လိုက်လဲဆိုတာ မသိတာတော့ မဟုတ်ပါဘူးနော်"

" ......... "

"အန္တရာယ်ကို လက်ယက်ခေါ်နေတာပဲ .. မင်းသိတဲ့ နန်းတွင်းအကြောင်းက မဖြစ်စလောက်လေး"

"မဟုတ်သေးပါဘူး Sehun .. ငါ မင်းကြီးရဲ့ အကြံပေးနေရာကိုပဲ လက်ခံမိတာပါ .. အဲ့လောက်ထိ ဆိုးဝါးသွားလို့လား .. မင်းမကြိုက်မှန်းသိပေမယ့် အခုလိုပြောနေတာကတော့ .. "

"ပြန်တော့ Jongin .. လိုက်မပို့ပေးတော့ဘူး"

"Sehun! ငါတို့ပြောလို့ မပြီးသေးဘူးလေ"

ကျောခိုင်းလိုက်တဲ့ ကျောပြင်ကျယ်တစ်စုံကြောင့် လစ်ဟာသွားတဲ့ခံစားချက်က နေရခက်လှသည်။ Jongin ကသာ ငယ်ငယ်လေးတည်းက အလိုမကျတိုင်း စကားမပြောဘဲ နေခဲ့ပေမယ့် Sehun ကတော့ အဲ့လိုမဟုတ်။ အမြဲအလျှော့ပေး သည်းခံခဲ့သည်သာ။ လုပ်ရပ်ကိုလည်း ပြန်ဆန်းစစ်ဖို့ မဖြစ်နိုင်အောင် Jongin ဘက်က စကားတွေလည်း လွန်ခဲ့ပြီး ဖြစ်သည်။

Sacrifice Where stories live. Discover now