"ကျွန်မက လာတွေ့ရမှာကို အခုလို အခေါ်လွှတ်လိုက်ရလို့ စိတ်မရှိပါနဲ့ သခင်လေး"
"မဟုတ်တာပါ .. မယ်မယ့်ကို အရင်လာနှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့တဲ့ ကျွန်တော့်အပြစ်ပါ"
"သခင်လေးနဲ့ တစ်ခါလောက်တော့ စကားပြောကြည့်ချင်ခဲ့တာ .. မင်းကြီးနဲ့ သခင်လေးရဲ့ ပတ်သတ်မှုကို ကျွန်မအရင်တည်းက သတိထားမိပါတယ် .. သခင်လေးက အရမ်းကံကောင်းတဲ့သူပဲ"
အတွေးတို့က လွန်ဆွဲနေတာကြောင့် Jongin ဘာမှ ပြန်မဖြေဖြစ်ပါ။ ဒီရက်တွေထဲ Baekhyun ကလွဲရင် ဘယ်သူနဲ့မှ စကားပြောရတာ သက်တောင့်သက်သာမရှိသည့်အပြင် တစ်ဖက်ကပြောလာတဲ့ စကားကိုလည်း Jongin အနေနဲ့ နားထောင်ရမှာ ဝန်လေးပြန်သည်။
"လိုရင်းကို ပြောလို့ရပါတယ် မယ်မယ်"
"ကျွန်မ မိန်းမသားတစ်ယောက်အနေနဲ့ မင်းကြီးဆီက ချစ်ခြင်းမေတ္တာကို ရရှိဖို့ မျှော်လင့်ခဲ့ဖူးပါတယ် .. မဖြစ်နိုင်တော့မှန်း နားလည်ပါတယ် .. ဒါပေမယ့် နန်းတော်ထဲပျံ့နေတဲ့ သတင်းတွေကြောင့် ကျွန်မ တိုင်းပြည်ရဲ့မိခင်အနေနဲ့ သခင်လေးကို တောင်းဆိုစရာရှိလို့ပါ"
"စိုးရွံ့မိပေမယ့် ကျွန်တော်မျိုးမှာ မယ်မယ့်တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့အထိ အရည်အချင်းမရှိပါဘူး .. ကျွန်တော်တို့ပတ်သတ်မှုကိုလည်း ထင်မြင်ချက်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး"
"ကျွန်မပြောမယ့် စကားကိုတော့ .. "
"မယ်မယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာမှာပါ .. အစတည်းက ကျွန်တော်လည်း ပြန်လိုက်လာဖို့ စိတ်ကူးလုံးဝမရှိပါဘူး .. ဒါကြောင့် ဒီလောက်နဲ့ပဲ ...."
~~~~~ Sacrifice ~~~~~
လူမှန်းသိတတ်စအရွယ်တည်းက Sehun ဘာသာ လူတွေနဲ့ စည်းတစ်ခုခြားပြီးနေခဲ့သည်။ လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေနဲ့ မအပ်စပ်တဲ့ မင်းသားလေးတစ်ပါးအဖြစ်နဲ့ မွေးဖွားလာရပြီးတည်းကပေါ့။
တစ်နေ့တော့လည်း Sehun ဘဝထဲကို လိုလိုလားလားနဲ့ ဖိတ်ခေါ်မိတဲ့သူ ပေါ်လာခဲ့သည်။ Jongin ဆိုတဲ့ကောင်လေးက Sehun ကို ရယ်တတ်ပြုံးတတ်အောင် သင်ပေးခဲ့ပြီး အပြင်လောကနဲ့ပါ ထိတွေ့ပေးခဲ့သည်။ ရက်တွေ လတွေ နှစ်တွေကြာလာသည်နှင့်အမျှ သံယောဇဉ်ကြိုးလည်း ပိုမိုခိုင်မာလာပြီး သူကလွဲလို့ ဘယ်အရာကိုမှ မမျှော်လင့်တော့သည့်အထိကို စွဲလန်းသဘောကျခဲ့မိပါသည်။
YOU ARE READING
Sacrifice
Historical FictionI dare you're supposed to be mine SEKAI Historical Fanfiction