1

3K 406 56
                                    

"အဟင့် .. Jonginnie မသွားချင်ဘူးဆို"

အိပ်ရာပေါ်လူးလှိမ့်နေရင်း ငိုမဲ့မဲ့ဖြစ်နေတဲ့ Jongin ကြောင့် အမတ်ကြီးကတော့ ကြံရာမရဖြစ်နေရသည်။ နန်းတော်ထဲသွားရမှာ ဘာလို့ ဒီလောက်ခါးခါးတူးတူးဖြစ်နေလဲဆိုတာ Jongin မေမေကတော့ ချော့မော့မေးနေလေရဲ့။

"အဲ့မှာပျင်းစရာကောင်းတယ် .. Jonginnie ဒီကသူငယ်ချင်းတွေနဲ့ပဲ ကစားချင်တယ်"

"မင်းသားလေးက မျှော်နေမှာပေါ့ သားရဲ့ .. သားပဲ မနက်ဖြန်ထပ်လာခဲ့မယ်လို့ ပြောခဲ့တယ်လေ"

"အဲ့ဒါ မင်းကြီးရှိလို့လေ .. ဖေဖေပဲ မင်းကြီးရှေ့မှာ စကားပြောဆင်ခြင်ရမယ်ဆို .. ပြီးတော့ မင်းသားလေးက သူ့ဘာသာသူနေတာ .. သားကိုလည်းမျှော်နေမှာ မဟုတ်ပါဘူး .. မသွားချင်ဘူး"

အလိုမကျတော့ ခြေထောက်သေးသေးလေးတွေကပါ ဆောင့်လာသည်။ ငယ်ငယ်တည်းက အလိုလိုက်ခံထားရတာကြောင့် Jongin ဒီတစ်ခါလည်း ခြေဆောင့်လိုက်ရုံနဲ့ သူ့အလိုကျဖြစ်လာမယ်လို့ သတ်မှတ်ထားပုံပေါ်သည်။

"မင်းသားလေးနဲ့ ခဏဆော့ပေးတာ ဘာမှမဖြစ်ပါဘူး Jonginnie ရယ် .. သားဖေဖေကို အခက်တွေ့အောင်မလုပ်ရဘူးလေ .. မင်းကြီးက စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ .. လိမ္မာတဲ့ကလေးဆို မေမေ့စကားနားထောင်ရမယ်"

သေချာပြောပြလိုက်တော့မှ Jongin ကလက်ခံသွားသည်။ သူငယ်ချင်းတွေထဲပါ ဗိုလ်ကျတတ်တဲ့ Jongin နဲ့ မင်းသားလေးက ဘာလို့များ အတူကစားချင်ရတာလဲလို့တောင် တွေးမိလိုက်သေးသည်။ ဒါပေမယ့်လည်း Jongin က သူမသားမို့မဟုတ်။ ဆိုးသာဆိုးတာ ချစ်စရာကောင်းသည်မဟုတ်လား။

~~~~~

နောက်နေ့တွေလည်း Jongin နဲ့ကစားချင်တယ်လို့ ခမည်းတော်ကို ပြောလိုက်တော့ အချိန်မှန် နန်းတော်ထဲ ရောက်လာသည်။ စာသင်ပြီးတိုင်း Jongin ကိုစောင့်ရတာ အလုပ်တစ်ခုပိုလာသည်။ တစ်ခါတလေ ဆရာကနောက်ကျမှလွှတ်ပေးရင် Jongin ကတစ်ယောက်တည်းကစားပြီး စောင့်နေပေးသည်။

"လိုက်တမ်းပြေးတမ်းကစားရတာ ပျင်းလာပြီ .. တခြားကစားနည်းမရှိဘူးလား"

အရိပ်ရသစ်ပင်အောက်မှာ ထိုင်ရင်း Sehun ဘက်က စပြောလိုက်တော့ Jongin က မျက်လုံးလေးဝိုင်းစက်သွားသည်။

Sacrifice Where stories live. Discover now