32

537 98 13
                                    

ကျေးငှက်တို့ရဲ့ အော်မြည်တွန်ကျူးသံကြောင့် အိပ်ရာထသင့်ပြီမှန်းသိပေမယ့် Jongin မျက်လုံးမဖွင့်ချင်သေးပါ။ ညကလည်း တော်ရုံနဲ့အိပ်မပျော်တာမို့ ခဏလောက်ထပ်ပြီး အိပ်လိုက်ချင်သေးသည်။ ဒါပေမယ့် မျက်ခွံကနေ ဘာအလင်းရောင်မှ မထိုးဖောက်လာသေးပါလိမ့်။

နေထွက်ပြီးတဲ့အချိန် ကျော်လွန်လောက်ပြီးမို့ အနည်းငယ်လှုပ်ရှားလိုက်တဲ့အချိန်မှာ ကိုယ်ငွေ့နွေးနွေးကို ခံစားမိသည်။ စောင်အောက်မှာ သူ့အပြင် တစ်ခုခုရှိသေးတာကို သိလိုက်ပြီမို့ Jongin မျက်လုံးဖွင့်ကြည့်လိုက်သည်။

သေလိုက်ပါတော့ ..

မနိုးလာခင် ဖက်ထားတဲ့လက်ကို အမြန်ရုတ်လိုက်ရသည်။ ညက Sehun မပြန်ဘူးလား။ စောင်ကိုမပြီး အသာလေး ထထွက်ဖို့ပြင်တဲ့အချိန် ခါးနားက ဆွဲသိမ်းခံလိုက်ရပြီး ဩရှရှအသံကို ကြားလိုက်ရသည်။

"နိုးပြီလား"

"အင်း .. နိုးနေတာလား"

လက်ကိုဆွဲဖယ်ပြီး ထမယ်လုပ်ပေမယ့် Sehun က မလွှတ်ပေးသေးဘဲ သူ့ခန္ဓာကိုယ်နဲ့ထိလုမတတ် ပိုဖက်လိုက်သည်။

"ဖယ်တော့"

တိုးဖျော့ဖျော့အသံလေးက ထွက်လာသည်။ ဘေးတိုက်မြင်နေရတဲ့ပါးပြင်က နီစွေး‌စွေး ..
Sehun အသဲယားလာတာနဲ့ နှာ‌တံနစ်ဝင်သွားတဲ့အထိ အားရပါးရ မွှေးကြူလိုက်သည်။ ချစ်ရသူနဲ့ နိုးထရတဲ့ မနက်ခင်းက ဒီလိုပဲ ကြည်နူးစရာကောင်းတာများလား။

"ညကကျ တစ်ညလုံးဖက်ထားပြီး အခုမှ ဘာတွေရှက်နေတာလဲ ဟင်း .. "

"ဘာလို့ ကိုယ့်နေရာကိုယ် ပြန်မအိပ်တာလဲ"

"ဘေးမှာ ဓားကိုချထားပြီးအိပ်မယ့်အစား ကိုယ်ရှိနေတာ ပိုမကောင်းဘူးလား"

"မကောင်းပါဘူး .. နောက်ကျနေပြီ .. ဖယ် .. ထရတော့မယ်"

"ညီလာခံ ဖျက်လိုက်ရပြီ .. အိပ်ပုတ်လေးတစ်ယောက်က ဖက်ထားပြီး လုံးဝမလွှတ်ပေးလို့လေ"

"နှိုးလိုက်တာမဟုတ်ဘူး .. ငါ့ကြောင့် .. "

စကားပြောနေရင်း နှုတ်ခမ်းက မသိမသာစူထွက်လာတာကြောင့် Sehun လက်ဖျားလေးနဲ့ ဆွဲညှစ်လိုက်သည်။ Jongin က သူ့ကိုကြည့်ပြီး မျက်စောင်းထိုးသည်။

Sacrifice Where stories live. Discover now