35

439 83 2
                                    

သူမရှိတဲ့ပထမဆုံးနေ့မှာ ခန္ဓာကိုယ်အခွံသက်သက်ချည်းပဲ နိုးထလာခဲ့ရသည်။ စိတ်ဝိဉာဉ်အလျဉ်ကို ဖမ်းဆုပ်ဖို့ပင်မပြောနှင့်။ အသက်သွင်းထားသည့် ကျောက်ရုပ်သာသာ။ သူ့အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ ဒီနေရာမှာ သူမရှိဘဲ ဖြတ်သန်းရလိမ့်မယ်လို့ လုံးဝမတွေးခဲ့ဖူးပါချေ။

"မင်းကြီး .. ကျွန်တော်စုံစမ်းလာခဲ့ပါပြီ"

မျှော်လင့်ချက်အပြည့်နဲ့ Baekhyun ကို ကြည့်မိသည်။ အနည်းဆုံးတော့ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်တစ်ခုခုရှိရမည်မဟုတ်လား။ အချိန်တွေအကြာကြီးရင်းပြီး တည်ဆောက်ထားခဲ့တဲ့ ဆက်ဆံရေးမို့ အလွယ်တကူ လက်မလွှတ်နိုင်ပါ။

"Jongin အဖေဆုံးသွားပြီးတော့ မိသားစု‌လိုက် ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ် .. ဘယ်ကိုလဲတော့ စုံစမ်းလို့မရသေးပါဘူး .. ကျွန်တော်ဆက်ရှာထားလိုက်ပါ့မယ် မင်းကြီး"

"ငါလည်း မသိခဲ့ရပါလား"

"တောင်းပန်ပါတယ် .. ကျွန်တော်လည်း ခုမှသိရတာပါ"

မျက်ခုံးနှစ်ခုကြား လက်မနဲ့လက်ညှိုးသုံးကာ ဖိထားမိသည်။ ဒီကိစ္စတွေကို ဘာလို့ Sehun ကို မပြောခဲ့ရတာလဲ။ သိခွင့်မရှိရလောက်တဲ့အထိ စည်းခြားထားသလို ခံစားရသည်။ ဒီလိုအချိန်မှာတောင် နှစ်သိမ့်ပေးခွင့်မရဘဲ အဝေးကို ထွက်သွားခဲ့သေးသည်။ Jongin က တဆိတ်တော့လွန်သည်။

"ငိုနေတာလား .. ဘာဖြစ်တာလဲ .. ကိုယ့်ကိုပြောပြလေ"

"မ .. မငိုပါဘူး .. အမှုန်ဝင်သွားတာ"

"သေချာလို့လား"

"ဟုတ်ပါတယ်ဆို"

ခါးကိုဖက်ပြီး ရင်ခွင်ထဲတိုးဝင်လာတာကြောင့် အလိုက်သင့်ပြန်ဖက်ထားလိုက်ရင်း ဒီ့ထက်ပိုပြီး မမေးဖြစ်ခဲ့။

"အဆင်ပြေသွားပြီလား"

"ရိက္ခာအတွက် အဆင်ပြေသလောက်ပါပဲ .. ဒါပေမယ့် ကိုယ့်မှာစဉ်းစားစရာလေးတွေရှိနေသေးတယ်"

"ငါ့ကိုနမ်းပါလား"

ရုတ်တရက်မော့ကြည့်ကာ ဆိုလာတာကြောင့် Sehun ကြောင်ပြီး ကြည့်နေမိသည်။ ပြောပြီးမှ သူက ရှက်သွားပုံရကာ မျက်နှာ တဖြည်းဖြည်းရဲတက်လာသည်။

Sacrifice Where stories live. Discover now