15

1.3K 227 23
                                    


ဆောင်ဂျွန်းမင်းသားကို အိမ်ရှေ့စံအရာ ခန့်အပ်တဲ့ပွဲက ကြီးကျယ်ခမ်းနားလှသည်။ Sehun ကတော့ နဂိုတည်းက အိမ်ရှေ့စံမင်းသားဖြစ်ဖို့ စိတ်ကူးမရှိခဲ့လေတော့ စိတ်ပေါ့ပါးစွာပင် လက်ခုပ်တီးပေးနိုင်သည်။ မိဖုရားခေါင်ကြီးရဲ့ မျက်နှာကတော့ အပြုံးပန်းတွေဝေနေသမျှ မယ်မယ်ကတော့ Sehun ကို လုံးဝစိတ်ပျက်သွားပုံရသည်။

စင်စစ် အိမ်ရှေ့စံဆိုသည့်ဂုဏ်ပုဒ်နှင့်မလိုက်စွာ အုပ်ချုပ်ရေးတာဝန်အတော်များများ ခွဲယူပေးထားရသည်။ ဒါကလည်း ခမည်းတော်ရဲ့ ကျန်းမာရေး အခြေအနေမကောင်းတာကြောင့်ပင်။ ထို့ကြောင့် လုပ်ပိုင်ခွင့်ဟူသည် ဘုရင်တစ်ပါးနှင့်မခြား။ အိမ်ရှေ့စံမင်းသား ဆောင်ဂျွန်းရဲ့ အာဏာစက်က အတိုင်းအတာ တစ်ခုထက်ပိုသည်။

"အဆင်သင့်ဖြစ်ပါပြီ မင်းသားလေး"

"အဲ့လူက ယုံရပါ့မလား အထိန်းတော်ကြီး"

"ကျွန်တော်မျိုးလည်း သေချာမသိတဲ့ကိစ္စမို့ မင်းသားလေးကိုယ်တိုင် ချင့်ချိန်တာ ပိုကောင်းမယ်ထင်ပါတယ်"

Sehun ကတော့ မယ်မယ်အရေးပင်မလုပ်ခဲ့တဲ့ သူ့အမြွှာအကြောင်းကိုသာ စိတ်ဝင်စားသည်။ ဦးရီးတော်နဲ့ မယ်မယ်ကလွဲလို့ ဒီကိစ္စမှာ ပါဝင်နေတဲ့သူရှိဦးမယ်လို့ ထင်ရသည်။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကအဖြစ်ကို ကုန်စင်အောင်မသိဘဲ ယောက်ျားလား မိန်းမလား (တစ်နည်း) သေသလား ရှင်သလားတောင် မသိတဲ့သူကိုရှာဖို့ဆိုတာ ယောင်ဝါးဝါးနဲ့ရယ်ပါ။

"ကောင်းပြီ .. ကျွန်တော် သွားတွေ့လိုက်မယ်"

~~~~~

စာမေးပွဲတွေပြီးတော့ အိမ်ပြန်ဖို့ ရက်ရှည် အနားယူခွင့်ရသည်။ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ အထုပ်အပိုးတွေပြင်နေကြပြီး ကျောင်းဝန်းထဲမှာလည်း ဆူညံနေကြသည်။

"Baekhyun .. ငါ့အိမ်လိုက်လည်ပါလား"

"အခုလား"

တကယ်တော့ Baekhyun ကို ဘယ်သူမှ အိမ်လည်မခေါ်ဖူးလို့ အံ့ဩသွားခဲ့ရသည်။ သူငယ်ချင်းတွေကို ထမင်းစားဖိတ်တာမျိုးက တခြားသူတွေအတွက် မထူးဆန်းပေမယ့် Baekhyun လို သူငယ်ချင်းမထားတတ်သူအဖို့ ကြားရတာ ထူးဆန်းနေပြန်သည်။

Sacrifice Where stories live. Discover now