အားလပ်ချိန်ဖြစ်သည်မို့ ကျောင်းသားတွေ သူတို့အဖွဲ့နှင့်သူတို့ ဝါသနာတူရာစု၍ အချိန်ဖြုန်းနေကြသည်။ Baekhyun ကတော့ သူတို့နှင့်ဝေးရာမှာ တစ်ယောက်တည်း နေသည်။ ဓားမြှောင်ကို သစ်ပင်ဆီပစ်ပေါက်လိုက် ပြန်ဆွဲထုတ်လိုက်နှင့် လက်ကောက်ဝတ်အားကို ချိန်ဆနေရာမှ လမ်းကြောင်းထဲ ဝင်လာသော လူတစ်ယောက်။
"ကျစ် .. သေချင်လို့ ရှေ့က ဖြတ်ဝင်တာလား"
"တောင်းပန်ပါတယ် .. ငါသတိမထားမိလို့"
Jongin တခြားသူတွေနဲ့ ရောဖို့ မကြိုးစားချင်တာကြောင့် ခြေဦးတည့်ရာ လျှောက်သွားနေလိုက်သည်။ စာသင်နှစ်ကို အားလုံးနဲ့ အဆင်ပြေပြေဖြတ်သန်းချင်ပေမယ့် တကယ်တော့ မလွယ်ကူလှပါ။ ပြောရမည်ဆိုလျှင် တစ်ခန်းတည်းသား Baekhyun နဲ့တောင် ဒါနဲ့ပေါင်းမှ စကား သုံးလေးခွန်းမျှသာ ပြောဖူးသည်ပဲ။
"ထားလိုက်တော့ .. "
ဓားမြှောင်ကို ခါးမှာချိတ်ထားတဲ့အိတ်ထဲထည့်ပြီး သိမ်းလိုက်တဲ့ Baekhyun က ထွက်သွားဖို့ပြင်သည်။ Jongin လည်း မတားမိ။
"ဟေး .. လူသစ်လေး .. ကျောင်းသားခေါင်းဆောင်လာနေတယ်လေ .. နှုတ်ဆက်မှပေါ့"
"ပထမဆုံးနေ့တည်းက အားလုံးကို နှုတ်ဆက်ပြီးပါပြီ .. ခွင့်ပြုပါဦး"
Jongin ရှေ့မှာ ပိတ်ကာလိုက်တဲ့ ကျောင်းသားနှစ်ယောက်က ပြဿနာ မတက်အောင် ရှောင်လွှဲခွင့်ပြုမည့်ပုံ မပေါ်ပါ။
"Kim Jongin ဟုတ်တယ်မလား .. အဟက် .. နောက်ခံတောင့်လွန်းတယ်ဆိုပဲ .. ပြီးတော့ Byun Baekhyun ရဲ့ အခန်းဖော်အဖြစ် ကောင်းကာင်းကြီး ရှိနေတယ်ဆိုတော့ .. အင်းလေ .. ဒီလိုမောက်မာတာ မဆန်းပါဘူး"
နားမလည်သေးတဲ့ ကိစ္စတွေ အများကြီးရှိနေပေမယ့် အရင်ဆုံး သိချင်သည်ကတော့ Baekhyun အကြောင်းဖြစ်မည်ထင်သည်။ သူက ဘယ်လိုလူမို့ အားလုံးရဲ့ ပါးစပ်ဖျားမှာ ရှိနေရတာလဲ။ နာမည်ကလွဲလို့ သူ့အကြောင်းဘာဆိုဘာမှ မသိတဲ့ Jongin အတွက် အရမ်းရင်းနှီးသလို သူတို့တွေထင်နေကြတာ စိတ်မသက်မသာဖြစ်ရသည်။
"ပြောလို့ပြီးရင် ငါသွားမယ်"
"အိုး ဟိုး .. နေပါဦး .. ငါတို့ပြောလို့မပြီးသေးဘူးလေ"
YOU ARE READING
Sacrifice
Historical FictionIn the Joseon dynasty, the second prince rises to claim the throne, but his heart remains bound to his childhood friend-a forbidden love. SEKAI Historical Fanfiction