စာလွှာကိုဖတ်ရင်း လှောင်ရိပ်စွန်းနေတဲ့ အပြုံးကြောင့် ညီလာခံတက်တဲ့ အမတ်တွေလည်း ရင်တထိတ်ထိတ်နဲ့ ရှိနေရသည်။ Sehun နန်းတက်လာတဲ့အပေါ် မကျေနပ်တဲ့ နယ်စွန်မြို့တစ်ချို့မှာ ဆူပူမှုတွေ ရှိနေသည်။ သေချာတာကတော့ မိဖုရားခေါင်ကြီးနဲ့ ပဏ္ဏာသင့်နေတဲ့ နေရာတွေပေါ့။
"တိုက်ဖို့ပြင်လိုက်"
Sehun နဲ့ပတ်သတ်လို့ သူတို့ကြားနာမည်တစ်ခုရှိသည်။ သွေးချောင်းစီးမှာ မကြောက်တဲ့ ဘုရင်ရယ်လို့။ ခိုးမှုအသေးစားကစလို့ သတ်မိန့်နဲ့ဖြေရှင်းတတ်တဲ့သူကြောင့် စိတ်မသက်မသာဖြစ်ရပေမယ့် အဲ့ဒါကြောင့်လည်း ဂိုဂူလျောမှာ ဘာမကောင်းမှုမှ မရှိရဘဲ အေးချမ်းနေသည်။
"မင်းကြီး .. အန်းဒုံးက ကျွန်တော်မျိုးတို့နဲ့ အစဉ်အဆက် ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်လာတာမို့ ပြန်လည်စဉ်းစားပေးတော်မူပါ"
"ဒါဆို မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးရမယ်လို့ ပြောနေတာလား .. ရာရာစစ ကျုပ်ကို လာခြိမ်းခြောက်နေတာကို လက်ပိုက်ကြည့်နေရမှာလား"
"မင်းကြီး .. မြို့စားနဲ့တွေ့ပြီး ညှိနှိုင်းကြည့်မယ်ဆိုရင်ရော"
စကားထဲထည့်ပြောစရာမလိုတဲ့ အကြောင်းအရာကို ပြောပြမိပြီထင်သည်။ မင်းကြီးကညှိနှိုင်းတာမျိုး တစ်ခါမှမလုပ်ဖူးသည့်အပြင် သူ့ရဲ့ ဆုံးဖြတ်ချက်ကို တဇွတ်ထိုးရှေ့တိုးတတ်သူမျိုး။
"စစ်သူကြီးက လိုအပ်တာတွေပြင်ဆင်ပြီး ကျုပ်ဆီလာတွေ့ပါ .. သုံးရက်အတွင်း အန်းဒုံးကို တိုက်မယ်"
"ဟုတ်ကဲ့ပါမင်းကြီး"
Sehun ညီလာခံကို သိမ်းလိုက်သည်။ တိုက်လိုက်ရင် နိုင်မှာသေချာနေတဲ့ မြို့လေးကို ဘာတွေများ ခက်ခက်ခဲခဲစဉ်းစားနေရတာလဲ။ Sehun ကတော့ အရင်မင်းကြီးနဲ့ ဆောင်ဂျွန်းလိုမျိုး သူတို့ခြယ်လှယ်လို့ရအောင် ငြိမ်ခံနေမယ့်သူမျိုး မဟုတ်ပါ။ ယန်အန်း ကို နမူနာလုပ်ပြလိုက်ရင် တခြားမငြိမ်မသက်ဖြစ်နေတဲ့ နေရာတွေလည်း သူ့အလိုလို ငြိမ်သွားပေလိမ့်မည်။
YOU ARE READING
Sacrifice
Historical FictionIn the Joseon dynasty, the second prince rises to claim the throne, but his heart remains bound to his childhood friend-a forbidden love. SEKAI Historical Fanfiction