27

430 93 14
                                    

ညီလာခံကို မင်းသားမတက်တဲ့ရက်တွေများနေတဲ့ အတွက်ကြောင့် အမတ်တွေကြားထဲ တီးတိုးပြောနေတာ Jongin ကြားရသည်။ ‌ဆောင်ဂျွန်းမင်းကြီးကတော့ အထွေအထူးမပြော။ ဘာတွေအလုပ်ရှုပ်နေမှန်းမသိပေမယ့် စစ်သူကြီးနဲ့ လျှို့ဝှက်တွေ့ဆုံမှုလုပ်နေတာတွေ သတိထားမိသည်။ သူကိုယ်တိုင်က ဘာမှမပြောပြသည့်အပြင် သိပ်လည်းမတွေ့ဖြစ်တာကြောင့် မေးဖို့အခွင့်မသာခဲ့ပေ။ အခုတော့ အိမ်ခဏပြန်မှာမို့ အသိပေးရအောင် မင်းသားရဲ့အဆောင်ဘက်ကို ထွက်လာလိုက်သည်။

"မယ်မယ်"

မိဖုရားခေါင်ကြီးနဲ့ ပက်ပင်းတိုးတော့ Jongin အရိုအသေပေးပြီး နှုတ်ဆက်လိုက်သည်။ Sehun ရဲ့အဆောင်ဘက်ကို သွားတဲ့လမ်းမှန်း မမေးလည်း သိနေတာမို့ မနှစ်မြို့သလို အကြည့်ခံရသည်။ အစတည်းက မိဖုရားခေါင်ကြီးက သူ့ကို သဘောမကျမှန်း Jongin ရိပ်မိပါသည်။

"မင်းကြီးက မင်းကို တော်တော်လေး အားကိုးတယ်လို့ကြားတယ် .. ဆက်ပြီး ဆောင်ဂျွန်းအတွက် အကူအညီဖြစ်ပေးပါဦး"

"ဟုတ်ကဲ့ပါ မယ်မယ်"

မိဖုရားခေါင်ကြီးသွားတော့မှ Jongin ဆက်လျှောက်လာလိုက်သည်။ Sehun ရဲ့အဆောင်ဘက်ကို ချိုးတဲ့အချိန် လူရိပ်တွေ့လိုက်ရတာကြောင့် အကွယ်ကနေ စောင့်ကြည့်ဖို့ ပြင်လိုက်သည်။

"ယောင်းအာ"

"အိုး .. သခင်လေး!"

"ဘာလို့ဒီလောက် လန့်သွားရတာလဲ"

"မ .. မဟုတ်ပါဘူး .. မင်းသားအတွက် အချိုပွဲလာပို့ပေးတာပါ"

အဖြေကသိပ်ယုံချင်စရာမရှိတာကြောင့် Jongin ထပ်မမေးဘဲ အကဲခတ်လိုက်သည်။ ယောင်းအာက ငိုထားသလိုပုံပေါက်နေလားလို့။

"အင်း .. သွားလို့ရပါပြီ"

‌အနေအထားက နည်းနည်းတော့ထူးဆန်းပေမယ့် Jongin တွေးမရဘဲ ရှိနေသည်။ ယောင်းအာမှာ သူ့ကိုမသိစေချင်တဲ့ အကြောင်းအရာရှိနေပုံပဲ။ ဒါပေမယ့်ဘာလို့ Sehun အဆောင်ကနေ ဒီလိုပုံစံနဲ့ ထွက်လာရတာလဲ။ သဘောကျမိတဲ့ မိန်းကလေးမို့ စိုးရိမ်သွားရသည်လား။ ဒါမှမဟုတ် ..

"မဝင်ဘဲ ဘာလုပ်နေတာလဲ"

Sehun အသံကြောင့် တွေးလက်စတွေကို ပစ်ချထားလိုက်ပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သာမန်ထက်တင်းနေတဲ့ မျက်နှာထားက Jongin ရှေ့ကို ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းပြေလျော့လာသည်။

Sacrifice Where stories live. Discover now