30

527 97 22
                                    

"ငါမပြောဘူးလား Jongin ရယ် .. မင်းကြီးက .. "

အာပေါင်အာရင်းသန်သန်နဲ့ ထပြောတဲ့ Baekhyun ကြောင့် Jongin သူ့ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်ရသည်။ ရံရွေတော်တွေနဲ့ အစောင့်အကြပ်တွေက မလှမ်းမကမ်းမှာရှိနေတာကြောင့် Jongin မျက်နှာပူရပါသည်။

"အသံကို လျှော့စမ်းပါ"

"သိပါပြီ .. အခုတော့ ဖွင့်ပြောလိုက်ပြီပေါ့ .. မင်း နည်းနည်းလေးမှတောင် သတိမထားမိဘူးလားကွာ"

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းခါပြတာကြောင့် အံ့ဩရသူက Baekhyun ရယ်ပါ။ စာသင်နှစ်အချို့ပဲဖြတ်သန်ဖူးတဲ့ Baekhyun တောင် သူတို့ကြားက ဆက်ဆံရေးကို ရိပ်မိနေတာပဲ။ ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာတဲ့ Jongin က Sehun ခံစားချက်တွေကို မသိခဲ့ဘူးတဲ့လား။ နီးကပ်လွန်းတာကြောင့် မမြင်တော့တာလည်း ဖြစ်နိုင်တာပဲလေ။

"အဲ့တော့ ဘာပြန်ပြောလိုက်လဲ"

"ငါ .. ရှက်လို့ .. ချက်ချင်းပြန်ပြေးလာတာ"

"ရင်မခုန်ဘူးလား"

စားပွဲပေါ်မှာလက်ကိုမေးထောက်ရင်း အစ်အောက်ကြည့်တော့ Jongin က အော်ပါတော့သည်။

"ဘာတွေလာမေးနေတာလဲ .. သွားတော့ .. တာဝန်ချိန်ကို မလေးစားဘူး"

"အာ .. အခုတော့ ငါ့ကို ပြန်လွှတ်ပြီပေါ့"

Jongin လည်း ရောယောင်ပြီး Baekhyun မျက်စပစ်ပြလိုက်တဲ့ဆီကို လှည့်ကြည့်မိသည်။

Sehun ရောက်လာတဲ့အကြောင်းကို Baekhyun က ပြောပြလိုက်လို့ထင်ပါသည်။ သူကပါ လှည့်ပြီး စူးစမ်းလာသည်။ သေချာစဉ်းစားကြည့်ရင် Sehun နဲ့တွေ့ရတဲ့အချိန်ဆိုတာ မရှိသလောက်ရှားသည်။ Baekhyun က သူ့ကိုမြင်တာနဲ့ ချက်ချင်း ထရပ်ကာ ပြန်ရှာသည်။ အလိုက်တော့သိရမှာပေါ့လေ။

"မင်းကြီး"

"လျှောက်တင်စရာရှိရင် နောက်မှ"

"မဟုတ်ဘူး .. Jongin ပြောခိုင်းလိုက်တာပါ"

ကျော်သွားဖို့ပြင်ပေမယ့် ကြားလိုက်ရတဲ့နာမည်ကြောင့် Sehun ဆက်မသွားဘဲ ရပ်နေလိုက်သည်။

"ဘာတဲ့လဲ"

"စာဖတ်စရာရှိတာမလို့ ဘယ်သူမှ သူ့အဆောင်ဆီမလာဖို့ ပြောထားပါတယ်"

Sacrifice Where stories live. Discover now