21

1.1K 180 32
                                    

ပြီးခဲ့တဲ့စာသင်နှစ်ထက်ပင် ဒီတစ်ခေါက် အချိန်တွေကုန်တာ မြန်လွန်းသည်ထင်ရသည်။ ကျောင်းမှာနေတဲ့အချိန်တွေကို တတ်နိုင်သမျှဆွဲဆန့်ထားချင်သည်။ ငြင်းပယ်လို့မရသည့် ကတိတစ်ခုကြောင့် ကျောင်းပြီးသွားရင်ဆိုတဲ့ အနာဂတ်က တွေးကြည့်တိုင်း စိတ်ရှုပ်စရာအတိ။ ဒါပေမယ့်လည်း မိဘတွေရှေ့မှာ အားကိုးရတဲ့ သားတစ်ယောက်အဖြစ် မားမားမတ်မတ်ရပ်တည်ပေးချင်ပြီ။

တွဲလောင်းချထားတဲ့ခြေထောက်တွေက မြက်ခင်းစိမ်းစိမ်းကို ဖိနပ်ဦးနှင့် ပွတ်တိုက်ကာလွှဲနေသည်။ ဘေးကတိုင်လုံးကို ခေါင်းမှီထားရင်း သစ်ပင်ပေါ်မှာ ဆော့ကစားနေတဲ့ ငှက်လေးနှစ်ကောင်ကို အကြောင်းမဲ့ငေးနေမိသည်။ စာအုပ်တွေဖတ်နေတဲ့အချိန်ထက် စိတ်လေနေတဲ့အချိန်တွေက ပိုများလာသလို ခံစားရသည်။

"ပျင်းနေတာလား Jongin .. တောင်းပန်ပါတယ် .. ကိစ္စလေးတွေရှိနေလို့"

"မပျင်းပါဘူး .. အခုရော ပြီးပြီလား"

Sehun ကခေါင်းငြိမ့်ပြရင်း သူ့နားမှာ ထိုင်လိုက်သည်။ အားလုံးက အလုပ်တွေများနေကြတာပဲ။ Baekhyun ဆိုလည်း ဘာမှန်းမသိတဲ့အလုပ်တွေရှုပ်နေတာကြောင့် အဆောင်ပင် သိပ်မကပ်။ Jongin သာ တစ်ယောက်တည်း လမ်းပျောက်နေသလိုပင်။

"အာ .. မင်းကို ပေးစရာရှိတယ်"

Sehun ကသူ့အင်္ကျီထဲကနေ တစ်ခုခုကိုနှိုက်ထုတ်နေတာကြောင့် Jongin လည်း ခါးလေးမတ်ရင်း စောင့်နေလိုက်သည်။ ပြီးတော့ Jongin လက်ကို အသာဆွဲယူရင်း လက်ထဲထည့်ပေးသည်။

"ကျောက်စိမ်းပြားလေးပဲ .. ငှက်ပုံထွင်းထားတာလား"

"အင်း .. မွေးနေ့လက်ဆောင် .. မှာထားတာကြာပြီ .. မနေ့ကမှရလို့ .. သဘောကျရဲ့လား"

"သဘောကျတာပေါ့ .. အရမ်းလှတာပဲ .. ငါသေချာသိမ်းထားလိုက်မယ်"

"ဘာလို့သိမ်းထားမှာလဲ .. ခါးမှာချိတ်ထားစေချင်တာကို"

Sehun က သူ့လက်ထဲကကျောက်စိမ်းပြားကို ပြန်ယူလိုက်ပြီး ကြိုးလေးကိုပြင်ကာ သေချာချိတ်ပေးသည်။ ကျောက်စိမ်းအနှစ်သားနဲ့ထုလုပ်ထားပြီး တန်ဖိုးကြီးတဲ့ပုံပေါက်တာကြောင့် Jongin ချိတ်ဆွဲမထားချင်။

Sacrifice Where stories live. Discover now