အရပ်သားဝတ်စုံနဲ့ လှည့်လည်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆောင်ဂျွန်းမင်းသားက ဦးထုပ်ဝိုင်းကြီးကို ဝတ်ရင်း မေးသိုင်းကြိုးတပ်နေသည်။ နူးညံ့တဲ့မျက်နှာထားက မြင်ရသူကိုနွေးထွေးစေသည်။ မကျဉ်းမကျယ်မျက်ဝန်းတစ်စုံနှင့် ပန်းသွေးကြွနေတဲ့ နှုတ်ခမ်းပါးကြောင့် နှစ်လိုဖွယ်ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သာမန်အရပ်သားဝတ်စုံကို ဝတ်ဆင်ထားပေမယ့် မှိန်ဖျော့မသွားတဲ့ ကိုယ်ရောင်ကိုယ်ဝါက လူပျိုပေါက်အရွယ် မင်းသားလေးဆီက ဖြာကျနေမြဲ။"ကဲ .. သွားကြရအောင်"
ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ စတင်လိုက်ပေမယ့် တစ်နေရာအရောက် မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့် ခြေလှမ်းတို့ တုံ့ဆိုင်းသွားသည်။
"sehun ကဘာဖြစ်လို့လဲ"
ဆောင်ဂျွန်းမင်းသားကမေးတာကြောင့် အထိန်းတော်ကြီး ကြည့်မိတော့ မယ်မယ့်အဆောင်ရှေ့မှာ ဒူးထောက်နေရတဲ့ မင်းသားလေးကို တွေ့ရသည်။ ဒီလောက်လိမ္မာတဲ့မင်းသားလေးက ဘာများလုပ်မိလို့ အပြစ်ဒဏ်ပေးခံထားရတာလဲ သိချင်သွားမိသည်။
"မင်းသားလေး မနေ့က နန်းတော်အပြင်ခိုးထွက်တယ်လို့ ကြားရပါတယ် .. အဲ့ဒါကြောင့် မယ်မယ်က အပြစ်ပေးထားပုံရပါတယ် မင်းသား"
တစ်ခါမှမကြားဖူးတဲ့အဖြေကြောင့် ဆောင်ဂျွန်းမင်းသားက အံ့ဩသွားပေမယ့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။ သေချာပေါက် Jongin ဆိုတဲ့ ကလေးရဲ့ လက်ချက်ပဲနေမှာပေါ့။
"ဪ .. ဒါကြောင့် မယ်မယ့်မွေးနေ့ပွဲမှာ မတွေ့တာကိုး .. အဟင်း .. Sehunnie တောင် အရွယ်ရောက်လာပြီပဲ .."
ဒူးထောက်နေတဲ့ကလေး ရှက်နေမှာစိုး၍ တခြားလမ်းက ပတ်၍ နန်းတော်အပြင်ထွက်ခဲ့လိုက်သည်။ မယ်မယ်ရဲ့ အပြစ်ဒဏ်ပေးတဲ့ပုံစံကိုသဘောမကျပေမယ့် သူလည်း ဘာမှ ဝင်မစွက်ဖက်နိုင်တဲ့ အခြေအနေမဟုတ်လား။
Sehun မယ်မယ်ရဲ့တစ်ဖက်သတ်ဆန်တဲ့အတွေးတွေကြောင့် မင်းသားနဲ့ ရင်းရင်းနှီးနှီးနေဖို့ အခွင့်အရေးမရခဲ့ပေမယ့် ညီတော်လေးကို သူအရမ်းချစ်ရပါသည်။ ဒီကလေးကတော့ သူ့ကိုမုန်းနေမည်လား။
YOU ARE READING
Sacrifice
Historical FictionIn the Joseon dynasty, the second prince rises to claim the throne, but his heart remains bound to his childhood friend-a forbidden love. SEKAI Historical Fanfiction