ကျောင်းမှာ အဆောင်နေရမှာမို့ ချန်းဒူနှင့်အတူ အထုပ်အပိုးတွေသယ်လာရတဲ့ Jongin ကို ကျောင်းသားတချို့က ကွက်ကြည့်ကွက်ကြည့်နှင့် ကြည့်သွားကြသည်။ ပြီးတော့လည်း သူတို့အလုပ်သာသူတို့ဆက်လုပ်နေကြသည်။ အားလုံးက သူ့အစုအဖွဲ့နှင့်သူရှိလျက်။"ဟေ့ .. ကျောင်းသားသစ်လား"
စပ်ဖြဲဖြဲနှင့် ကျောင်းသားသုံးလေးယောက်က Jongin ကိုမြင်တော့လာမေးရှာသည်။ သူတို့ ကြည့်ရတာလဲ အချင်းချင်းစနောက်နေပြီး ပျော်ပျော်နေတတ်သည့်ပုံ။
"ငါတို့ဘာကူညီရမလဲပြော .. အားမနာနဲ့"
Jongin လည်း ဆရာက မအားတာကြောင့် ကျယ်ဝန်းလှတဲ့ကျောင်းကြီးထဲ ကိုယ့်ဘာသာ အဆောင်ရှာဖို့ခက်ခဲနေသည်။ ရှေ့ကကျောင်းသားတွေက သူ့အထုပ်တွေကူဆွဲရင်း လောကွပ်ချော်နေတာမို့ သူနေရမယ့်နေရာကို ပြောကာ အကူအညီတောင်းမိသည်။
"ဘယ်လို .. မင်းကို အဲ့အခန်းမှာ နေခိုင်းတယ်ဟုတ်လား"
"အင်း .. ဆရာပြောတာပဲ .. ဘာဖြစ်လို့လဲ"
တစ်စုံတရာကိုကြောက်ရွံ့သွားဟန်နှင့် ပျက်ယွင်းနေတဲ့ မျက်နှာထားကြောင့် Jongin အူလည်လည်ဖြစ်သွားရသည်။
"မင်းကလည်း .. ဟို .."
"ဟေ့ကောင် .. လျှောက်မဖွနဲ့ .. သူကအခုမှ ရောက်လာတာကို"
"ဖွတာမဟုတ်ပါဘူး .. ဒါတကယ်ဖြစ်သွားတာပဲကို"
သူတို့ချင်းပြောနေတဲ့စကားတွေကို Jongin နားမလည်တာကြောင့် ကိုယ့်ဘာသာရှာဖို့ ဆုံးဖြတ်လိုက်သည်။ ချန်းဒူရော သူပါ ပင်ပန်းလွန်းလို့ နားချင်နေပြီ။
"ခဏ .. ခဏလေး နေပါဦး .. ဟိုလေ .. ငါတို့က မင်းကိုလိုက်မပို့ပေးချင်လို့တော့ မဟုတ်ပါဘူး .. မင်းရဲ့အခန်းဖော်ကလေ .. နည်းနည်း .. အာ .. ဒီကနေ တည့်တည့်သွား .. ညာဖက်နှစ်ခါချိုးပြီးရင် မင်းနေရမယ့်အဆောင်ရောက်ပြီ"
"ကျေးဇူးပဲ"
ဒါလေးလမ်းညွှန်ဖို့အရေး လိုရင်းမရောက်တဲ့ အဖွဲ့ကြောင့် Jongin စိတ်သိပ်မရှည်တော့။ တိုတိုတုတ်တုတ်သာ ကျေးဇူးတင်စကားဆိုပြီး ထွက်လာဖို့ ပြင်လိုက်သည်။
YOU ARE READING
Sacrifice
Historical FictionI dare you're supposed to be mine SEKAI Historical Fanfiction