3

2.2K 337 41
                                    


"ကျွန်တော်မျိုး မှားသွားပါတယ် မင်းသား .. ခွင့်လွှတ်ပေးပါ"

Sehun ရှေ့က ထိုင်စရာအခင်းကို တမင်ဖယ်ထားတော့ Jongin က သူ့ဘေးနားမှာကျုံ့ကျုံ့လေးထိုင်ပြီး ခေါင်းကိုငုံ့ထားသည်။

"နောက်တစ်ခါ မဖြစ်စေရပါဘူး မင်းသား"

ခုနက အော်ဟစ်ပြီး Sehun နာမည်ကိုခေါ်တာ သူမဟုတ်သလို အခုတော့ မင်းသားဆိုတာ ပါးစပ်ဖျားကမချပေ။ အပြောင်းအလဲမြန်လွန်းတဲ့ Jongin ကြောင့် ဖတ်လက်စ စာအုပ်ကိုကြည့်ရင်း Sehun မသိမသာပြုံးလိုက်မိသည်။

"ဒါ ချင်နိုင်ငံက လက်ဆောင်ရတဲ့ မုန့်တွေ .. မယ်မယ်ပေးလိုက်တာ"

ခပ်ဝိုင်းဝိုင်းပုံစံရှိတဲ့ မုန့်ဘူးကိုဖွင့်ပြီး Jongin ဘက်ကိုရွှေ့ပေးလာတာမို့ Sehun မျက်နှာကို လိုက်ကြည့်မိသည်။

"ငါ့ကို စိတ်ဆိုးပြေပြီလား"

"အရမ်းကောင်းတယ် .. စားကြည့်"

အခုကျတော့ Sehun မျက်နှာက ပကတိကြည်လင်နေတာကြောင့် စိတ်မဆိုးတော့မှန်း Jongin သိလိုက်သည်။ မုန့်ဘူးဆီအကြည့်ရောက်မိတော့ အရောင်အသွေးစုံလင်ပြီး ချစ်စရာကောင်းတဲ့ မုန့်လေးတွေက ဘူးအပြည့်နေရာယူထားသည်။ မုန့်တစ်ခုစီရဲ့အောက်မှာ စက္ကူပါးလေးတွေက ခွက်ပုံစံ ခံထားလျက်။ ကြည့်ရုံနဲ့တင် နူးညံ့ုပီးအရသာရှိမှာသေချာနေသည်။

"ဘာလို့လဲ .. မကြိုက်ဘူးလား"

မုန့်ကိုထိတောင်မထိဘဲ မျက်လုံးကျွတ်ကျမတတ်စိုက်ကြည့်နေတဲ့ Jongin ကြောင့် Sehun ကမေးလာသည်။

"မဟုတ်ပါဘူး"

"အဲ့ဒါဆို စားလေ .. ဒါ ဘူးအသစ်ပါ .. ငါမစားရသေးဘူး"

"အဲ့လိုပြောတာမဟုတ်ပါဘူး .. ငါက .."

"အင်း .. မင်းက .."

ဆက်မပြောတဲ့ Jongin ကို Sehun က စကားထောက်ပေးသည်။

"ချော်လဲထားလို့ လက်တွေညစ်ပတ်နေတာ .. နောက်မှပဲ စားတော့မယ် .. မင်းအရင်စားလိုက်"

"ဪ .. "

Sehun က နားလည်သွားသလိုနှင့် မုန့်ဘူးထဲက မုန့်တစ်ခုယူလိုက်သည်။ စက္ကူ ပါးလေးကို ဖယ်လိုက်ပြီး မုန့်ကိုပါးစပ်နား ထိုးပေးလာတာမို့ Jongin အူကြောင်ကြောင်နှင့် ပြန်ကြည့်မိသည်။

Sacrifice Where stories live. Discover now