9

1.6K 282 73
                                    


ဟန်နိုင်ငံကို သံတမန်အဖြစ်သွားရမှာမို့ အလုပ်ရှုပ်နေခါမှ Jongin ဆိုတဲ့အရှုပ်ထုပ်လေးက Sehun အခန်းမှာ ဖွသွားသေးသည်။ ပြီးတော့ ပျင်းတယ်ဆိုကာ လှစ်ခနဲပျောက်သွားပြန်သည်။ ပြန့်ကျဲနေတဲ့စက္ကူလုံးတွေက မင်းသားရဲ့အခန်းထဲ နေရာယူလို့။

"မင်းသားလေး .. ဒါကို ဘယ်လိုလုပ်လိုက်ရမလဲ"

အထိန်းတော်ကြီးလာပြတဲ့ စာရွက်ကို ယူကြည့်လိုက်တော့ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ မပီမသဖြစ်နေတဲ့ မိန်းမငယ်တစ်ဦးပုံ။ မျက်နှာနေရာကို ရေးဆွဲထားခြင်းမရှိပေမယ့် အဝတ်အစားအရ အထက်တန်းလွှာက မိန်းကလေးပုံတော့ မဖြစ်တန်ရာ။ ခေါင်းပေါ်မှာ ဆင်မြန်းထားတဲ့ ပန်းပွင့်ပုံဆံထိုးလေးကလွဲ ဘာမှသိပ်မထူးခြားပေ။

"မီးရှို့လိုက်"

"ဟုတ်ကဲ့ပါ .. မင်းသား"

မင်းသားရဲ့အမိန့်သံက အေးစက်ပြတ်သားလျက် ..

"ဒါနဲ့ .. ဘယ်ရောက်သွားလဲ"

ရုတ်တရက်မို့ ဘာကိုမေးမှန်းမသိပေမယ့် မင်းသားဆိုလိုရင်းကို အထိန်းတော်ကြီး တစ်ခဏတွင်း နားလည်လိုက်သည်။

"အပြင်ဘက်မှာရှိပါတယ်မင်းသား"

အထိန်းတော်ကြီးအဖြေကြောင့် Sehun စိတ်မခုနိုင်ဘဲ ကိုယ်တိုင်သာ အပြင်ထွက်ခဲ့လိုက်သည်။ နန်းတော်ထဲဒီလောက် အကျယ်ကြီးကို Jongin ရှိမယ့်နေရာမေးတာ အပြင်တဲ့လား။

"မင်းကလည်း .. Sehun အတိုင်းပဲ"

Sehun သူ့နာမည်ကြားလိုက်တာမို့ အကွယ်လေးကနေ နားထောင်နေလိုက်သည်။ Jongin ဘယ်သူနဲ့စကားပြောနေလဲ ချောင်းကြည့်လိုက်တော့ မြင်လိုက်ရတဲ့အရာကြောင့် လန့်သွားရသည်။

"ငါပြောနေရင် နည်းနည်းလောက် အဖတ်လုပ်ပါလား .. မာနကြီးလိုက်တာ"

Sehun ကလွဲ အကပ်မခံတဲ့ မြင်းက Jongin လက်ပေါ်က စားစရာကို လှမ်းယူစားသည်။ Jongin ခေါင်းကိုပွတ်ပေးတော့လည်း အသာတကြည် ငြိမ်ခံနေတာများ တခြားသူလာကပ်ရင် ကန်ပစ်တာ သူ့အကျင့်မဟုတ်တဲ့အတိုင်း။

"တော်ပြီ .. ပြန်တော့မယ် .. နောက်တစ်ခါဆို ငါ့ကိုပေးစီးရမယ်နော် .. Sehun လို စိတ်မပုတ်ရဘူး"

Sacrifice Where stories live. Discover now