7

1.6K 268 33
                                    


"ဒါမဟုတ်သေးဘူး သမီး .. သူ့ထက် အရွက်သေးတာ ရှာရမှာ"

ဆေးပင်တွေရှာနေတဲ့မေမေကို ယောင်းအာက ခူးလာလိုက် ပြလိုက်နဲ့အလုပ်ရှုပ်နေကြသည်။ Jongin ကတော့ ဘာဆေးပင်အကြောင်းမှ နားမလည်သလို အဖော်လိုက်လာရုံသက်သက်သာ။

"ဒီနေ့ ဈေးဖွင့်တယ်နော် အဒေါ် .. အပြန်ဝင်မကြည့်ချင်ဘူးလား"

"ဟမ် .. ဒီမှာဈေးရှိတာလား"

ဓားကိုလှည့်ပြီး ကစားနေတဲ့ Jongin က စိတ်ဝင်စားစရာ ရှာတွေ့သွားသည့်နှယ် မေးလာသည်။ ယန်အန်းကနယ်စပ်ဖြစ်သည့်အပြင် သူပုန်ဓားပြတွေက သောင်းကျန်းလွန်းတာကြောင့် အိမ်ခြေသိပ်မရှိ။ နန်းတော်ထဲက အုပ်ချုပ်ရေးအဆင့်ထိ စာတင်ရန်ကြိုးစားပါသော်လည်း တစ်ကြိမ်မှမအောင်မြင်ချေ။ မလိုအပ်ဘူးလို့ ယူဆကြ၍လားမသိပေမယ့် ယန်အန်းမှာတော့ ညနေစောင်းရင် အပြင်မထွက်ရဲလောက်အောင်ပင်။

"ရှိတာပေါ့ သခင်လေးရဲ့ .. ငါးရက်နေမှ တစ်ခါဖွင့်တာ"

"သွားရအောင် မေမေရာ .. သားဒီမှာ ပျင်းလို့ သေတော့မယ်"

"ငါ့ကိုဆေးမြစ်တွေ ဝိုင်းရှာပေးမယ်တော့ မရှိဘူး .. ပျင်းတယ်ပဲအော်နေ"

မေမေကမျက်စောင်းထိုးရင်း လှမ်းပြောတာမို့ Jongin မျက်နှာချိုသွေးရတော့သည်။ ယောင်းအာကတော့ နှုတ်ပြီးသားဆေးမြစ်တွေကို သေချာစုရင်း ခြင်းထဲထည့်ပြီး သယ်လာပေးသည်။ တောင်အောက်ကို ဆင်းလာတဲ့တစ်လျှောက် သားအမိနှစ်ယောက် စကားပြောနေတာကြည့်ရင်း ယောင်းအာလည်း နောက်ကနေသာ လိုက်လာခဲ့တော့သည်။

"ယောင်းအာ .. ငါခွင့်ပြုချက်ရပြီ .. ရှေ့ကဦးဆောင်တော့"

အတွေးထဲမြောနေတုန်း Jongin ကသူ့ကို လှည့်ပြောလာတာမို့ ယောင်းအာ ပြုံးရင်းသာခေါင်းငြိမ့်ပြလိုက်သည်။ မိစုံဖစုံရှိတဲ့ဘဝက ဘယ်လောက် ပျော်စရာကောင်းလဲဆိုတာ သခင်လေးကိုကြည့်ရုံနဲ့ ယောင်းအာ နားလည်နေပါပြီ။

"Jonginnie .. လျှောက်မသွားရဘူးနော်"

"စိတ်ချပါမေမေရဲ့ .. ဈေးကလည်း သေးသေးလေးကို .. ပျောက်စရာမရှိပါဘူး"

Sacrifice Where stories live. Discover now