5

1.9K 342 25
                                    


ဓားနှစ်လက်ရဲ့ ထိခတ်သံတွေ တချွင်ချွင်မြည်နေတဲ့ နန်းရင်ပြင်တစ်နေရာဟာ အင်မတန်ကြည့်လို့ကောင်းတဲ့ ဓားရေးပြကွက်ကို ဖျော်ဖြေနေတဲ့ အတိုင်းပဲ။ ပေါ့ပါးသွက်လက်တဲ့ လှုပ်ရှားမှုနှင့် အပြိုင် ကောင်လေးရဲ့ နဖူးစည်းကြိုးစက လေထဲ တလွင့်လွင့်။ ရင်အုပ်ကျယ်ကျယ်နဲ့ သေးသိမ်တဲ့ ခါးကို ပိုင်ဆိုင်ထားတဲ့ကောင်လေးက သူ့ရဲ့ အာရုံကို ဓားသွားဖျားမှာပဲ စုစည်းထားသည့်ဟန်။

~ ချလွမ် ~

မြေပြင်သို့သက်ဆင်းသွားတဲ့ ဓားအသံကြောင့် စစ်သူကြီးနဲ့ စကားပြောနေတဲ့ Sehun က လေ့ကျင့်ကွင်းဘက်သို့ အလန့်တကြား လှည့်ကြည့်သည်။

"နောက်မှဆက်ပြောရအောင် စစ်သူကြီး .. သွားလို့ရပါပြီ"

"ကောင်းပါပြီ မင်းသား .. ကျွန်တော်မျိုးကို ခွင့်ပြုပါဦး"

အရွယ်ရောက်လာတဲ့ မင်းသားတစ်ပါးအနေနဲ့ အတိုက်အခိုက်စွမ်းရည်တိုးတက်ဖို့အတွက် ခမည်းတော်က စစ်သူကြီးနဲ့သင်ကြားဖို့ပြောထားသည်။ Sehun လည်း အသံကြောင့် ခြေလှမ်းကြဲကြီးတွေနဲ့ လေ့ကျင့်ရေးကွင်းဘက် လျှောက်သွားလိုက်သည်။

"ဘာဖြစ်တာလဲ .. ထိခိုက်မိသွားသေးလား"

"ဘာမှမဖြစ်ပါဘူး .. ဓားက သိပ်အဆင်မပြေလို့"

သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း အမောဖြေနေတဲ့ Jongin ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ အဆောင်ဘက်ကို လျှောက်သွားတော့ Sehun လည်း Jongin နဲ့ အတူ လေ့ကျင့်နေတဲ့ တပ်သားကို မျက်စပစ်ပြလိုက်ကာ Jongin ရှိရာသို့ လျှောက်သွားလိုက်သည်။

"ဓားက အရမ်းပေါ့နေတာကိုး .. ငါ့ဟာယူမလား"

"ဟာ .. မယူချင်ပါဘူး .. ငါအသစ်လဲလိုက်မယ်"

Sehun ရဲ့ ခမည်းတော်က စိတ်ကြိုက်ရွေးချယ်ပေးထားတဲ့ဓားကို Jongin ကိုပေးမယ်ဆိုတော့ အတင်းတားရသည်။ ပြီးတော့ Sehun ရဲ့ဓားက Jongin ကိုင်ဖို့ပင် မဝံ့အောင် ကနုတ်လက်ရာတွေနဲ့ လှရက်လွန်းနေသည်ပဲ။

"ရော့ .. ချွေးတွေသုတ်လိုက်ဦး"

မျက်နှာတစ်ပြင်လုံးရွှဲနေအောင် ချွေးထွက်နေသည်မို့ Sehun အသင့်ဆောင်ထားတဲ့ လက်ကိုင်ပဝါကိုပေးရင်း ပြောမိသည်။

Sacrifice Where stories live. Discover now