ရာသီဥတုက တောကစားထွက်ဖို့ သင့်လျော်နေတော့ ခမည်းတော်ရဲ့စီစဉ်မှုနဲ့ Sehun အတူလိုက်ခဲ့ရသည်။ မြှားပစ်သင်ပြီးသည်မှစ၍ ခမည်းတော် အစ်ကိုတော်တို့နှင့်အတူ တောကစားထွက်တိုင်း လိုက်ဖြစ်သည်။ မဖြစ်မနေမို့သာ တစ်ကောင်တလေ ဖမ်းရင်း ခပ်လျော့လျော့ပဲ နေတတ်တဲ့ Sehun ကို မကျွမ်းကျင်သေးဘူးထင်ကြသည်က မဆန်း။"ဒီနားမှာ ခဏနားရအောင်"
အတော်များများက ပင်ပန်းနေကြပုံပေါ်တာကြောင့် ဆောင်ဂျွန်းမင်းသားက နားဖို့ပြောသည်။ Sehun ကတော့ နဖူးပေါ်ချွေးနည်းနည်းစို့ရုံမျှသာရှိပြီး အေးဆေး ရေသောက်နေလိုက်သည်။
"မင်းသားလေး"
"မင်းသားအနားယူနေလို့ အရေးမကြီးရင် .."
Sehun လက်ပြလိုက်တော့ တပ်သားတစ်ယောက်ကို တားမယ်ကြံနေတဲ့ အထိန်းတော်ကြီး စကားလုံးတွေက လမ်းတစ်ဝက်မှာတင် ရပ်တန့်ကုန်သည်။
ထိုသူက အနားထိတိုးသွားရင်း မင်းသားဆီ လျှောက်တင်နေတာကြောင့် အထိန်းတော်ကြီးလည်း ဘာမှမကြားရ။ မင်းသားခိုင်းထားတဲ့ကိစ္စရှိလို့နေမှာပါလို့သာတွေးလိုက်သည်။
"သွားလို့ရပြီ"
အထိန်းတော်ကြီး ပြန်လှည့်ကြည့်မိတော့ မင်းသားရဲ့ မျက်နှာက သာမန်ထက် ပိုတည်သွားပြီး သေချာကြည့်လျှင် နဖူးကြောတွေပင် ထောင်နေတာ မြင်ရသည်။ ဘာတွေပြောလိုက်လို့ ဒီလောက်ဒေါသထွက်သွားမှန်းမသိပေမယ့် မင်းသားရဲ့ဒီလိုပုံစံကို အထိန်းတော်ကြီး ပထမဆုံး မြင်ဖူးခြင်းပင်။
"အမောပြေပြီဆို စကြတော့မလား"
ဆောင်ဂျွန်းမင်းသားရဲ့စကားဆုံးတာနဲ့ Sehun က မြင်းပေါ်တက်ကာ အရင်ထွက်သွားသည်။ အရင်ကထက် ပိုတက်ကြွနေတာမျိုး မဟုတ်ဘဲ တောကောင်တွေကို မြင်ရာအကုန်ပစ်နေတာကြောင့် မင်းကြီးပါ ပါးစပ်စေ့မရနိုင်အောင် အံ့ဩလို့။ Sehun ရဲ့ ကမူးရှူးထိုးဆန်တဲ့ အပြုအမူက ထိန်းချုပ်မရနိုင်အောင် ဆိုးဝါးမှန်း မျက်ဝါးထင်ထင် တွေ့ခဲ့ရတဲ့ ပထမဆုံးအကြိမ်ပင်။
လူကြီးမိဘတွေကို ခွန်းတုံ့ပင် မပြန်ဖူးဘဲ အမြဲလိုလို ခံစားချက်တွေ ဖုံးကွယ်ထားနိုင်သည့် ကလေးက ဆောင်ဂျွန်းထက်ပင် သည်းခံနိုင်စွမ်းမြင့်လွန်းသည်ဟု ထင်ခဲ့ဖူးသည်။ ဘယ်လိုအကြောင်းတွေကများ သူ့ညီတော်ကို ဒီလိုပေါက်ကွဲစေနိုင်ပါလိမ့်။
YOU ARE READING
Sacrifice
Historical FictionI dare you're supposed to be mine SEKAI Historical Fanfiction