34

492 92 5
                                    

ပင်လယ်ပြင်မှာ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ရိက္ခာသယ်လာတဲ့ လှေတွေမြုပ်ကုန်သည်။ အငတ်ဘေးကြုံတော့မယ့် လက္ခဏာက ပြနေပြီမို့ အားလုံးရဲ့ဆုံးဖြတ်ချက်အရ ဟန်နိုင်ငံကို အကူအညီတောင်းဖို့ဖြစ်လာခဲ့သည်။ ဒီရက်တွေမှာ Sehun က တခြားသူတွေထက်အလုပ်ရှုပ်နေရသည်။ Jongin မနိုးခင်တည်းက ထသွားတတ်ပြီး ညီလာခံမှာလောက်ပဲ မျက်နှာတော် မော်ဖူးလို့ရတာမျိုး။

ရေကန်ထဲ ရွှေငါးလေးတွေ ကူးခတ်နေတာကို အကြည့်ရောက်သွားမိသည်။ Jongin ထင်တာ မမှားရင် ငါးလေးတွေနည်းကုန်သလိုပဲ။ အမြဲတစေ သတိထားမိနေတာတော့ မဟုတ်ပေမယ့် ဝမ်းနည်းနေတဲ့ ဓာတ်ခံကြောင့်ပဲ စိတ်မကောင်းဖြစ်နေမိသလား။

"အဟမ်း"

ချောင်းဟန့်သံ‌ကြောင့် ဆတ်ခနဲလှည့်ကြည့်မိလိုက်တော့ Baekhyun ..

"မျှော်နေတဲ့သူမဟုတ်တော့ စိတ်ပျက်သွားတာလား .. မျက်နှာလေးလည်း ထိန်းပါဦး"

"မဟုတ်ပါဘူး .. ဘာကိစ္စလဲ"

"ခဏနေရင် ထွက်တော့မလို့လေ .. မှာချင်တာရှိသေးလားလို့ မင်းကြီးက မေးခိုင်းလိုက်လို့ .. လိုချင်တာရှိရင်လည်းပြောလေ"

"ဘာမှ မရှိပါဘူး .. ကိုယ်တိုင်မသွားလည်း ရရဲ့သားနဲ့ .. တခြားတစ်ယောက်ကို လွှတ်လိုက်တာ မဟုတ်ဘူး"

"သွားချင်လို့ပါ .. ငါလည်း အပြင်မထွက်ရလို့ ငြီး‌ငွေ့နေပြီ .. ဟဲဟဲ .. အခွင့်အရေးရတုန်းလေး သွားရမှာပေါ့ .. ဟန်နိုင်ငံက မိန်းမလှလေးတွေကို မြင်ဖူးတယ်ရှိအောင်"

Jongin ခေါင်းအသာရမ်းကာ ရယ်လိုက်မိသည်။ Baekhyun လိုလူမျိုးက လေနှင်ရာ လွင့်နေရတာကို သဘောကျတတ်တာဆိုတော့ နန်းတော်ထဲနေရတာ စိတ်ကျဉ်းကျပ်နေမှာအမှန်။

"ဒါဆို ငါသွားတော့မယ်နော် .. အဟင်း .. ဆုတောင်းပြည့်သွားပြီပဲ"

Baekhyun က အနားကိုကပ်တာ လေသံတိုးတိုးလေးနဲ့ ပြောပြီး ထွက်သွားသည်။ ဘာပြောသွားတာလဲ စဉ်းစားနေတုန်းမှာပဲ ဘေးကိုရောက်လာတဲ့သူကြောင့် လန့်သွားရသည်။

"နွေဦးရောက်တော့မယ်နော်"

Sehun က ကောင်းကင်အနေအထားကိုကြည့်ပြီး တွေးဆဆနဲ့ပြောလာတာမို့ သူပါလိုက်ကြည့်မိသည်။

Sacrifice Where stories live. Discover now