28

423 85 2
                                    


မိုးကောင်းကင်က ပကတိကြည်လင်နေသည်။ နန်းတော်ထဲ အဖြူရောင်တွေ ဟိုဟိုဒီဒီသွားနေတာကို Baekhyun သစ်ပင်ပေါ်ကနေ လှမ်းအကဲခတ်နေမိသည်။ ရင်ကွဲမတတ်ငိုကြွေးနေတဲ့ မိဖုရားခေါင်ကြီးရဲ့ အသံကို လေထုက သယ်ဆောင်လာပေးတာကြောင့် တစ်ချက်တစ်ချက်တော့ ကြားရသည်။

အကယ်၍သူသာ Byun လူကြီးမင်းရဲ့ သစ္စာစောင့်သိမှုကို အသုံးချပြီး ချောက်ကမ်းပါးဆုံးထိ တွန်းမပို့ခဲ့ရင် Sehun မင်းသားကိုဒီလောက်ထိ ကူညီပေးဖြစ်မှာမဟုတ်ဘူး။ Baekhyun တို့မိသားစုလည်း ‌ဒုက္ခရောက်စရာမရှိသလို Baekhyun ဟာလည်း တခြားသခင်လေးတွေလို ဖူးဖူးမှုတ် အချစ်ခံနေရမှာ။ Jongin လိုမျိုး ..

Jongin ဆိုမှ သူရော အဆင်ပြေရဲ့လား။ လက်စားချေလိုစိတ်တွေဖုံးလွှမ်းနေတဲ့ သူနဲ့ Sehun မင်းသားရဲ့ကြားထဲ ဆွဲထည့်မိလို့ စိတ်မကောင်းဖြစ်ရသည်။ ဘာမှမသိတဲ့ Jongin ကို မိဖုရားခေါင်ကြီးက သံသယမဝင်ဘဲနေမှာမဟုတ်။ ဖြစ်နိုင်ချေတွေကို သူတို့အားလုံးတွက်ဆထားပြီးသားမို့ Sehun ဘက်က ‌ပြင်ဆင်ထားမှာတော့သေချာပါသည်။

~~~~~

"ဘယ်လိုနေသေးလဲ"

"ခုနကပဲ နိုးလာပါတယ် မင်းသား"

Sehun ရဲ့ အဆောင်နဲ့ မနီးမဝေးမှာပဲ Jongin ကို ထားဖြစ်သည်။ စိတ်ကိုလျှော့လိုက်ပြီးမှ တွေ့ဖို့ ဝင်သွားလိုက်သည်။ Jongin က အိပ်ရာထက်မှာ အသက်မဲ့သလိုထိုင်နေသည်။ Sehun ဝင်လာတာကို တစ်ချက်လေးတောင် လှည့်မကြည့်။ မနေ့က ပို့ထားတဲ့ သုံးနပ်စာကလည်း ‌ပုံမပျက် အရာမယွင်းဘဲ ရှိနေသည်။

"ဘာမှမစားဘူးလား"

"အဲ့နေ့ကကိစ္စတွေကို ငါ့ရဲ့အုတ်ဂူထဲထိ ယူသွားမှာမို့အခုလွှတ်ပေးပါတော့"

Sehun နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး Jongin ရှေ့ကို လျှောက်သွားလိုက်သည်။ ရွှေချည်ထိုးထားတဲ့ အဖြူရောင်ပိုးဝတ်စုံလေးက Sehun တစ်နေ့လုံးမြင်နေရတဲ့ ဈာပနဝတ်စုံတွေနဲ့ ဘာမှမဆိုင်ဘဲ ကျက်သရေရှိလွန်းသည်။

"လိုက်သားပဲ .. သဘောကျရဲ့လား"

Jongin စိတ်ပျက်စွာဖြင့် မော့ကြည့်မိလိုက်သည်။ ဒါနှုတ်ပိတ်ချင်လို့ အကျယ်ချုပ်ချထားတာပဲ မဟုတ်လား။ သူတို့ရဲ့ ဇာတ်လမ်းကို Jongin ကဘာလို့ ဝင်ကပေးရဦးမှာလဲ။

Sacrifice Where stories live. Discover now