"ကောင်းပြီ" ချင်ရှောင်ယွီက ခေါင်းညိတ်ရင်း "မြို့ထဲကို ဝင်ကြတာပေါ့""မင်းတို့ ၂ယောက် လှည်းနဲ့ တူတူလိုက်လို့ရမလား" ယင်၀ူရွှမ်းက ရုတ်တရတ်ပြောသည်။
ကြားကြားချင်း ချန်လင် အံ့အားသင့်သွားသည်.. ရစရာလား.. လုံး၀မရဘူး..
"ဘာ?" ချင်ရှောင်ယွီက မျက်ခုံးတစ်ဖက်ပင့်ကာပြောသည်.
အဲ..အဲ့လောက်ကြီးတော့ အငြင်းဘက်သွားတဲ့ မျက်နှာထား မဖြစ်နဲ့လေ.. ချန်လင်က အားနာသွားပြီး မျက်နှာကို ဖူးပွင့်ကာစ ပန်းငုံဖူးလေးလို အပြစ်ကင်း အောင်လုပ်ကာ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်သည်.. "လှည်းကကျဉ်းတော့ ဂိုဏ်းချုပ်ကို အားနာစရာ ဖြစ်နေပါမယ်"
ချင်ရှောင်ယွီက ခိုးပြုံးသည် ဘာမှတော့မပြော..
"ကိစ္စမရှိပါဘူး" ယင်၀ူရွှမ်းက ခပ်ဖွဖွ နှစ်လုံးပြောပြီး လှည်းထဲသို့ တန်းဝင်သွားရာ မြန်လွန်းလို့ သူ့ရဲ့ မြင့်မြတ်တဲ့ ကျောပြင် ကိုသာ လှစ်ခနဲ မြင်လိုက်ရသည်..
ချန်လင် .....
ဒီထက်ပိုပြီး မျက်နှာပြောင်တိုက်ပေးလို့ရမလား..
"လင်အာ" ချင်ရှောင်ယွီက သူ့ခေါင်းကို အသာပုတ်ပြီး မေးသည်.. "ဘာကြောင်နေတာလဲ"
ချန်လင်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကာ ချင်ရှောင်ယွီ ပုခုံးကို ဖက်တွယ်လိုက်သည်.. "လှည်းထဲကိုချီ" ဒါမျိုး ကိစ္စက အကြောခံလို့မဖြစ်ဘူး.. အရှိန်အဝါ ပျက်စီးလို့ မရဘူး..
ဂိုဏ်းချုပ်ချင်က ပြုံးကာ သူ့ကို ကောက်ချီလိုက်ပြီး လှည်းထဲသို့ ဝင်သည်။
ယင်၀ူရွှမ်းက လှည်း နံရံကို မှီကာ စာအုပ်တစ်အုပ်ကို ဖတ်သလိုလှန်လှောနေပြီး သူတို့ နှစ်ယောက်ကို မော့မကြည့်ပါ..
ငါ့လူကို ကြောင် ငါ့လှည်းကိုစီးတဲ့ အပြင် ငါ့စာအုပ်ကိုတောင် ကောက်ဖတ်နေလိုက်သေးတယ်.. ချန်လင်ရင်ထဲမှာ မကျေမနပ်မှုများ ပြည့်နေ၏.. ၂ခါ ၃ခါလောက်နှိုင်းယှဉ်ပြီးနောက်မှာတော့ ကျုချင်းလန် ကတောင် ချစ်ဖို့ကောင်းသလို ခံစားသွားသည်.. ဂိုဏ်းချုပ် နဲ့ ဂိုဏ်းတိုးတက်ရေး လေးပြောတာ ဘာအပြစ်တင်စရာရှိလဲ.. ရည်မွန်ပြီး ယဉ်ကျေးသေးတယ်.. ကျုမုန်မုန် လို့တောင် နာမည်ပေးသင့်တယ် (မုန်မုန်-ချစ်ဖို့ကောင်း)
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...