Arc.4.4

4.3K 523 38
                                        

လီရှောင်းယန် ၏ ကားသည် ကျန်းအိမ်တော် ဆီသို့ ဦးတည်ခဲ့ပြန်သည်။ ကားပေါ်တွင် လီရှောင်းယန် က ဖြစ်ခဲလှသည့် စိတ်ရှုပ်‌ထွေးမှု တစ်ခု ဖြစ်နေသည်။ အကြောင်းမှာ သူ့သမီးဖြစ်သူသည် သူနဲ့စကားပြောနေရင်း ခွေလှဲကျသွားခြင်းပင် ။ သူမ မမေ့လဲသွားခင်တွင် ကျန်းအိမ်တော်တွင် ကျန်ခဲ့သည့် လူတစ်ယောက်ကို ခေါ်ပေးဖို့ တောင်းဆိုခဲ့သည်။

လီရှောင်းယန် ၏ စရိုက်ကြောင့် သူက သိပ်မဖော်ပြသော်လည်း သူက ချင်းပေအပေါ်တွင် အနည်းငယ် အပြစ်ရှိစိတ် ရှိနေသေးသည်။ သူမက အရေးတကြီးတောင်းဆိုလာသည်တွင် လီယွမ်အား ချင်းပေကို ဂရုစိုက်ပေးဖို့ ပြောကာ ကိုယ်တိုင်ထွက်လာခဲ့သည်။

လီရှောင်းယန်က ကျန်းအိမ်တော်နဲ့ ခပ်လှမ်းလှမ်းတွင်ရပ်လိုက်သည်။ သူက ရုတ်ရုတ်သဲသဲ ဖြစ်ဖို့ စိတ်ကူးမရှိပေ။ သူက လူလာရှာရုံသာ။ သူက လက်ထဲရှိ ဆွဲကြိုးလေးအား ကြည့်ရင်း " ငါ အလိမ်ခံလိုက်ရတာလား ... ဒါလေးက ဘယ်လိုလုပ် လူရှာလို့ရမှာလဲ .."

လီရှောင်းယန်က ငွေရောင်ဆွဲကြိုးမျှင်လေးကို လက်ကကိုင်ကြည့်ရင်း လျှောက်လာသည်။ ဆွဲကြိုးတွင် 0197 ဟု ခပ်ရေးရေး ရေးထွင်းထားသည့် နေရာအား လက်မဖြင့် အသာပွတ်လိုက်သည်။

ဝုန်း!!!

လီရှောင်းယန်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော လူအား မရှောင်နိုင်ဘဲ တိုက်မိသွားသည်။ သူက စိတ်အနှောက်အယှက်ဖြစ်သွားကာ အော်ငေါက်ရန် ပြင်လိုက်သော်လည်း သူ့အပေါ်သို့ လှဲကျလာသည့် ပိန်ပါးသည့်ခန္ဓာကိုယ် လေးကြောင့် ထိတ်လန့်သွားသည်။ သူက မရည်ရွယ်ပါဘဲ လက်လှမ်းကာ ဖမ်းထားမိလိုက်သည့်အခိုက်တန့်တွင် သူ့လက်ပေါ်တွင် မေ့လှဲသွားသော ငွေရောင် ဆံပင်များနဲ့ ကောင်လေးတစ်ယောက် ။

လီရှောင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်လေးရဲ့ အားနည်းနေသည့်ပုံစံနဲ့ ဟိုကလေးမစုတ် လေးရဲ့ ပုံစံနဲ့ က တူလွန်းနေသည်။ လက်တစ်ဖက်ကနေ ခုနက ဆွဲကြိုးအား မြှောက်ကြည့်လိုက်သည့်အခါ ထိုဆွဲကြိုးမှ တောက်ပစွာလင်းလက်နေကြောင်း တွေ့လိုက်ရသည်။ လီရှောင်းယန် မှာ သူ့ရဲ့ လောကအမြင်များ ပျက်စီးသွားပြီလားဟု ထင်မှတ်မိလိုက်သည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Nơi câu chuyện tồn tại. Hãy khám phá bây giờ