" ကိုယ် တောင်းပန်ပါတယ် .." ရှန်းချွန်းမင် သည် အပြင်ရောက်သည်နဲ့ ချင်းပေရဲ့လက်အား ပြန်လည်ဆုပ်ကိုင်ကာ တီးတိုးရေရွတ်လိုက်သည် ။
ဟင် ?? ချင်းပေ၏ ခြေလှမ်းများက ရပ်တန့်သွားကာ ရှန်းချွန်းမင် အား မော့ကြည့်လိုက်သည် ။ သူမ မျက်နှာပေါ်က အပြုံးတစ်ပွင့်က ရှိနေဆဲ ဖြစ်ကာ ညနေခင်းပွဲတက်ဝတ်စုံ လေးနဲ့ သူမက အတော်ကို ကျက်သရေရှိနေသည် ။ ရှန်းချွန်းမင် က သူမလေးအား ကြည့်ရင်း ဒီလို မိန်းကလေးဆန်သည့် အဝတ်အစားမျိုးများများ ဝတ်သင့်သည် ဟု တွေးလိုက်မိသည် ။
ခါတိုင်း ချင်းပေ ဝတ်နေကြပုံစံမှာ .. ဖက်ရှင်မရှိ ဟု မပြောနိုင်သော်လည်း ရင်ကျက်သည့် အမျိုးသမီးတစ်ယောက်ပုံစံဖြစ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည့် ပုံစံမျိုးပင် ။ သူက သူမရဲ့ ထိုပုံစံကို တွေ့တိုင်း ဂုဏ်ယူမိသော်လည်း သူမအတွက် သူသည် မလိုအပ်ဟု ခံစားမိလာသည် ။ ' ဟွမ်ကျန်း ပြောသလို .. ငါမရှိရင် သူမအတွက် ပိုကောင်းသွားမှာလား '
(A/N ဟွမ်ကျန်း =လက်ရှိ လောက၏ အရှင်သခင် )
" အများကြီးမတွေးနဲ့ .. " ချင်းပေက ရှန်းချွန်းမင် ၏ ပါးပြင်အား အသာထိလိုက်ကာ " မှတ်ထားပါ ... တချို့အချိန်တွေမှာ ကျန်းအာ ကလဲ ကို့ လိုဘဲ တွေးမိနေတယ်ဆိုတာ .. ဒါပေမဲ့ ကျန်းအာ က အခု ကို့ ဘေးနား ရပ်နေတယ် မလား .. "
" ဒါဆို လုံလောက်ပြီ "
လေသံခပ်တိုးတိုးနဲ့ အတူ သူ့နူတ်ခမ်းထက်သို့ ရောက်လာသည့် အနမ်းတစ်ခု ။ သူမ ဘက်က စတင်လာသည် အနမ်းတစ်ခု သည် သူ့အား စိတ်ချသွားသည့် ခံစားချက် ကို ခံစားရစေသည် ။
ရှန်းချွန်းမင် ၏ စိတ်ထဲတွင် အလင်းတစ်ချက်လက်သွားသည် ။ ' အဲ့နေ့က သူမ က သူဟာ သူ့ချစ်သူ ဖြစ်တယ်လို့ ပြောခဲ့တုန်းက ရခဲ့တဲ့ ခံစားချက် ကလဲ ဒီလိုမျိုး ဘဲ ဖြစ်လိမ့်မယ် '
အဲ့တုန်းက သူမက သူ့ကိုကယ်ဖို့ ရှိသမျှ ဝိညာဉ် စွမ်းအင် အကုန်လွဲပေးခဲ့ပြီး သူဟာ သူမ ချစ်သူ လို့ ပြောခဲ့တာ ။
(A/N.. arc.1.တုန်းက အခန်းနော် မေ့နေကြမှာ စိုးလို့ )
ချင်းပေ သည် တစ်လမ်းလုံး ရှန်းချွန်းမင် ၏ တက်ကြွနေသည် ပုံစံ အား ကြည့်ကာ ခေါင်းခါရင်း ရယ်နေတော့သည် ။ သူမတို့ အိမ်ပြန်ရောက်ချိန်တွင် သူမရဲ့ ဖုန်းက မြည်လာသဖြင့် ရှန်းချွန်းမင် အား အရင်ဝင်ခိုင်းလိုက်ကာ သူမက ဖုန်းပြောရန် ထွက်လာခဲ့သည် ။
