Arc.4.22

3.2K 436 42
                                        

အိမ်အပြင်ဘက်က အသံသည် ရပ်တန့်သွားသည်။ ရှန်းချွန်းမင် သည် အတန်ကြာရပ်နေပြီးနောက် လှည့်ထွက်သွားသည်။ ချင်းပေသည် တည်ငြိမ်သည့် မျက်နှာဖြင့်သာ ယနေ့အတွက် လုပ်စရာရှိသည့် အလုပ်များကို ထပ်လုပ်နေသည်။ သူမ လုပ်လိုက်သည့်စာချုပ်တစ်ခုစီတိုင်းတွင် အမှားမည်မျှ ပြုလုပ်မိသည်ကို မသိချေ။ ခနခနပြန်ပြင်ရသည့် စာချုပ် ၊ စာရွက်စာတမ်းများမှာ သုံးလေးခု မကတော့ပေ ။ တချို့ဆိုလျှင် အစကနေပြန်ပြင်နေရသည်။

နေ့လည်ရောက်ချိန်တွင် သူမရဲ့ အလုပ်များကို ရပ်တန့်လိုက်သည်။ ဆက်လုပ်လျှင်လည်း ပြန်ပြင်ရမည့် အမှိုက်စာချုပ်များသာ ဖြစ်နေသောကြောင့်ပင် ။ သူမ လုပ်စရာများကို ရပ်လိုက်သည်နဲ့ ထိန်းချုပ်ထားသည့် ဝမ်းနည်းသည့်ခံစားချက်က ကြီးစိုးလာသည်။ ဝဲလာသည့်မျက်ရည်များကို မကျမိအောင် မျက်တောင်ခတ်နေရသည့် အကြိမ်ရေကလည်း မနည်းတော့ပေ။

ဒေါက်!! ဒေါက်!! ဒေါက်!!

တံခါးခေါက်သံကြောင့် ချင်းပေက မျက်လုံးအား အလျင်အမြန်ပွတ်လိုက်ပြီး တံခါးသွားဖွင့်လိုက်သည်။

" အခုထိ ဘာလို့ ဒီမှာရှိနေသေးတာလဲ ??" ချင်းပေက သူမရဲ့ ဝမ်းနည်းမှု ပင် ပျောက်သွားသလို ရေရွတ်လိုက်သည်။

" ကိုယ်.. မင်းစားဖို့ တစ်ခုခုလုပ်ပေးမလို့ လိုအပ်တာ သွားဝယ်တာလေ .. လမ်းမှာ ကိစ္စတစ်ခုကြောင့် ကြာသွားတယ် " ရှန်းချွန်းမင်က လက်ထဲက အထုပ်များအား မြှောက်ပြရင်း အိမ်ထဲဝင်ရန်ပြင်လိုက်သော်လည်း တံခါးဝတွင် တောင့်တင်းစွာ ရပ်နေသည့် ချင်းပေကြောင့် ဝင်မရဖြစ်နေသည်။

" လမ်းနဲနဲလောက် ဖယ်ပေးပါလား .. ကိုယ်အထဲဝင်မလို့ " ရှန်းချွန်းမင်က ချင်းပေအား ပြုံးပြလိုက်ရင်း ပြောလိုက်သည်။

အံ့အားသင့်မှု မပြယ်သေးသည့် ချင်းပေသည် ယောင်နနဖြင့် လမ်းဖယ်ပေးလိုက်မိသည် ။ တစ်ဖက်လူက မီးဖိုခန်းထဲ ရောက်သွားသည့်အချိန်ကျမှ သတိဝင်လာကာ လိုက်သွားလိုက်သည်။

" ကိုယ့်ကိုယ်ကို ဘာလုပ်နေလဲ သိလား .. ငါပြောသင့်တာ အကုန်ပြောပြီးပြီ.. "

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Место, где живут истории. Откройте их для себя