ပိုင်ရှန့် က ရှဲ့ယောင် အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ " ဘာဖြစ်တာလဲ .. သူတို့က ဘာဖြစ်လို့ မဝင်ခိုင်းတာလဲ "
" ဘာလို့လဲဆိုတော့ ကျွန်မ မဝင်ခိုင်းလို့လေ .. " ယွမ်ရှောင်ရှောင်းက တာဝန်ခံနဲ့ အတူ အပြင်သို့ ထွက်လာသည်။ သူမက ပိုင်ရှန့်နဲ့ ရှဲ့ယောင်အား ကြည့်ရင်း နှာခေါင်းရှုံကာ ပြောလိုက်သည်။
ချင်းပေက ယွမ်ရှောင်ရှောင်းအား ကြည့်ရင်း မျက်ခုံးတို့ တွန့်ချိုးသွားသည်။ ယွမ်ရှောင်ရှောင်းသည် အရင်က သူမနဲ့ တိုက်ခိုက်သည့်အချိန်က ထက်ပင် သန်မာလာသည်ဟု ခံစားရသည်။ သူမရဲ့ တိုက်ခိုက်မှုကို ယုံကြည်မှုရှိသည်။ ယွမ်ရှောင်ရှောင်းထံမှ ဒဏ်ရာရထားကြောင်းလည်း ခံစားမိသည်။ သို့သော် ထိုဒဏ်ရာများက ပျောက်ကင်းသွားပြီ ဖြစ်သည်။
" သူမက အန္တရယ်ကို ကံကောင်းမှု အဖြစ် ပြောင်းလိုက်နိုင်တာလား " ချင်းပေက သူမ မျက်လုံးတို့ကို မှိတ်လိုက်ကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ ယွမ်ရှောင်ရှောင်းအနားတွင် သန်မာသည့် ချီတို့ ပတ်လည်ဝိုင်းနေပြီး သူမ၏အဆင့်သည် မြင့်မားလာကြောင်း သိသိသာသာခံစားရသည်။ ပြီးနောက် သူမ ပိုင်ရှန့်တို့နဲ့ အေးဆေး တည်ငြိမ်စွာ စကားပြောနေပုံ သူမသိသည့် ယွမ်ရှောင်ရှောင်းနဲ့ မတူချေ။
ချင်းပေက စိတ်စွမ်းအားကို ရုတ်သိမ်းလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ' တစ်ယောက်ယောက်က သူမကို ကူညီနေတယ်.. ဒါပေမဲ့ အဲ့လူကို ငါရှာလို့ မတွေ့ဘူး .. ' ငါ ဝင်စွက်ဖက်လိုက်လို့ တစ်မျိုးပြောင်းသွားတာလား ။
ချင်းပေသည် အတွေးမျိုးစုံတွေးရင်း ဖြစ်ပျက်သမျှကို ကြည့်နေသည်။ သူမက သူမရဲ့ ပုံရိပ်ကို ဖုံးကွယ်ထားဖို့လည်း မမေ့ချေ ။ ရန်သူသည် အမှောင်ထဲတွင် ရှိနေသဖြင့် သူမက အလင်းထဲတွင် ထင်းလင်းမနေနိုင်ပေ။
ချင်းပေ၏ စိတ်စွမ်းအား ရုတ်သိမ်းလိုက်ချိန်တွင် ယွမ်ရှောင်ရှောင်းက ပတ်ဝန်းကျင်သို့ မသိမသာ တစ်ချက်ကြည့်လာသည်။ ထိုအချိန် ချင်းပေက ဖုံးကွယ်လိုက်ပြီ ဖြစ်သည့်အတွက် သူမက ဘာမှမတွေ့သွားပေ ။ သူမရဲ့ အကြည့်ကို ရုတ်သိမ်းလိုက်ကာ အခြားသို့ အာရုံရောက်သည့် ပုံစံလုပ်ထားပြီး ပိုင်ရှန့်ဖြင့် စကားများနေသည်။ အမှန်တော့ သူမကချည်း ပြောနေခြင်းသည်။
