ညနေစောင်း ထမင်းစားသည့်အချိန်တွင် ချင်းပေက လီရှောင်းယန် အား ကြည့်လိုက်သည်။ ဝိုင်တစ်ခွက်ကို ဇိပ်ပြေနပြေ သောက်နေသည့်သူက သူမအကြည့်ကို အာရုံခံမိလို့ ထင်သည်။ ဘာလဲ ဆိုသည့် အကြည့်တစ်ချက်ပေးလာသည်။
ချင်းပေက သက်ပြင်းချရင်း " ပြောစရာ မရှိဘူးလား " သူမက လွတ်လပ်မှုကို ပိုသဘောကျသော်လည်း လီရှောင်းယန် ကို ကူညီချင်မိသည်။ ဘာဘဲပြောပြော သူက သူမကို အသိအမှတ်ပြုခဲ့သည်မလား ။ တော်တော်လေး နောက်ကျခဲ့ပေမဲ့ပေါ့ ။
လီရှောင်းယန် က ချင်းပေအား စူးစိုက်ကြည့်ပြီးမှ သူက ခေါင်းကို အသာလေးလှမ်းအုပ် ကိုင်ရင်း သူမရဲ့ဆံပင်ကို ဖွလိုက်ကာ " မှတ်ထား ... ဘယ်သူမှ မင်းကို အတင်းဖိအားပေးလို့မရစေရဘူး.. ဘယ်ကိစ္စမဆို "
သူက ပြောပြီးနောက် စားပွဲမှ ထထွက်သွားသည်။ ချင်းပေက လီရှောင်းယန်၏ ကျောပြင်အားကြည့်ကာ "အ.. အဖေကရော .. ဘယ်လိုလုပ်မှာလဲ "
လှေကားတက်ကို ခြေချနေသည့် ခြေလှမ်းတွေက ခနမျှ တုန့်ဆိုင်းသွားသည်။
ချင်းပေက အသက်ကိုပြင်းပြင်ရှုလိုက်ကာ ဆက်ပြောလိုက်သည်။ " အချိန်အကြာကြီးနေမှ လာရှာရတဲ့ အကြောင်းအရင်းက လက်ထပ်ဖို့ကိစ္စကို လက်မခံလို့မလား .. အခုမှ.."
" ဘာလို့ဆို ငါနောင်တရလို့ .. " အကြောင်းပြချက်က ဘယ်လိုဘဲဖြစ်ဖြစ် သူကလည်း သူ့ကလေးကို အသုံးချဖို့ လိုက်ရှာနေခဲ့တာပင်။ သူ့လုပ်ရပ်က ဝမ်မင်ယွဲ့ တို့နဲ့ မတူရင်တောင် သိပ်ကွာခြားမယ်မထင်။ သူက ပိုတောင်ဆိုးနိုင်သေးသည်။ ဆယ်နှစ်ကျော်မှ ပြန်တွေ့ရသည့် ကလေးကို သူ့ရဲ့ လွတ်လပ်မှုနဲ့ လှဲလယ်ရန် ကြံခဲ့ခြင်း ။ " ကျစ်!!!! ဆိုးဝါးလိုက်တာ "
" ဘာကို .." ချင်းပေက နားမလည်စွာ ရေရွတ်လိုက်သည်။
လီရှောင်းယန် က ချင်းပေအား လှည့်ကြည့်လာသည်။ သူမလေးသည် ဖြူဖတ်ဖြူလျော်ဖြစ်မနေတော့ဘဲ .. မျက်နှာလေးသည် ကြည်ကြည်လင်လင် ရှိနေသည်။ ထို နက်ရှိုင်းသည့်ဘမျက်ဝန်းများက သူမသည် ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေ့အကြုံပြည့်ဝကြောင်းကို ဖော်ပြနေသလိုလို ။