Arc.4.15

3.3K 448 38
                                        

ချင်းပေက သန့်ရှင်းသပ်ရပ်ပြီး အဆင့်တန်းမြင့်ဟန်ရသည့် ရပ်ကွက်အား ကြည့်လိုက်သည်။ ဤနေရာရှိ ကွန်ဒိုများနဲ့ အိမ်များသည် သီးသန့်ဖြစ်ပြီး ရပ်ကွက်၏ အနောက်တွင် တောင်တန်းတစ်ခုကို နောက်ခံအဖြစ်ထားထားပြီး လေကောင်းလေသန့် ရသည်။ ဤနေရာသည် လူတိုင်း အိမ်မက်မက်နေသည့် နေရာမျိုးပင် ။ တစ်ခုက ဤနေရာသည် ဈေးကြီးလွန်းသည့်အပြင် အဆင့်အတန်း တစ်ခုမရှိလျှင် ‌ပိုက်ဆံရှိလျှင်တောင် မဝယ်‌နိုင်ပေ။

တစ်ချိန်က သူမနေခဲ့ဖူးသည့် နေရာကို ပြန်ရောက်လာသည့် ခံစားချက်က သူမအား တက်ကြွစေသည်။ ချင်းပေက တိုက်အိမ်လေးတစ်ခုရှေ့တွင် သူမကား ကို ရပ်လိုက်သည်။ ဤအိမ်အား ကြည့်ရင်း သူမအရင်ဘဝက ဒီအိမ်အားဝယ်ဖို့ နေမအိပ်ညမအိပ် ပရိုဂရမ်တွေ ရေးဆွဲခဲ့ပြီး  အိပ်‌ရေးပျက်ခဲ့ရသည့် အချိန်များကို သတိရစေသည်။

တိုက်အိမ်လေးသည် အေးချမ်းပြီး သိပ်မကြီးပေ ။ တောင်နဲ့နီးကာ အနည်းငယ်အမြင့်တွင် ရှိပြီး ဘေးနားတွင် ဥယျာဉ်တစ်ခုရှိသေးသည်။ ယခုအချိန်သည် အအေးရာသီမို့ ထင်သည် ခြံဝန်းထဲတွင် မြူခိုးများ အုံဆိုင်းနေသေးသည်။

ချင်းပေက ခြံတံခါးဖွင့်ကာ ဦးစွာခြံဝန်းထဲဝင်လိုက်သည် ။ ချက်ချင်း သူမ၏ အမှုအရာသည် တုန်လှုပ်သွားသည့် ပုံစံပေါ်လာသည်။ အားစစ်က ချင်းပေ၏ အမူအရာကို သတိမထားမိပေ ။

" အားစစ် .. ညစာအတွက် သွားဝယ်ပေးပါဦး " ချင်းပေက သူမ စိတ်ကိုထိန်းရင်း အားစစ်အား လှည့်ကာပြောပြီး အိတ်များကို ယူလိုက်သည်။ အားစစ် ထွက်သွားသည်နဲ့ ချင်းပေက ချက်ချင်း အိမ်ထဲသို့ ပြေးဝင်သွားသည်။

အိမ်ထဲတွင် မည်သူမျှ မရှိဘဲ ပရိဘောဂ ပစ္စည်းများသာ ရှိသည်။ ချင်းပေက ဘယ်သူမှမတွေ့သည်ကို ဂရုမစိုက်ဘဲ " နင်ရှိနေတယ်ဆိုတာ .. ငါသိတယ် ... ထွက်လာခဲ့ .." သူမရဲ့ အသံဟာ တော်တော်‌လေးတုန်ယင်နေသည်။

သို့သော် မည်သည့်အသံမှ ပြန်လာသံမကြားရဘဲ အလွန်တိတ်ဆိတ်နေသည်။ အပ်ကျသံပင် ကြားရလောက်‌အောင် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အား ကြည့်ရင်း ချင်းပေက စိတ်ပျက်သွားသည်။ သူမက ဆိုဖာပေါ်သို့ လှဲချကာ မျက်နှာကြပ်အား ကြည့်ရင်း မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သူမရဲ့ တုန်ယင်နေသည့် နူတ်ခမ်းမှ ခပ်တိုးတိုးရေရွတ်သံက အခန်းတွင် ပဲ့တင်ထပ်နေသည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Where stories live. Discover now