ချင်းပေက အားစစ် ကို တစ်ချက်ကြည့်ကာ ဂိုထောင်ထဲရှိ လူများကို ကြည့်ကာ စဉ်းစားနေသည်။ ငါက ပြန်လည်မွေးဖွားလာတဲ့ လူကို မသိသေးဘူး ..။ ဖြစ်နိုင်တာ သူတို့က သူမရဲ့ နောက်ကွယ်ကနေ အလုပ်လုပ်ပေးတဲ့ အဖွဲ့ဖြစ်လာနိုင်လောက်တယ်.. အခု အခွင့်အရေးက ငါ့လက်ထဲမှာ ရှိတယ်.. ငါယူသင့်လား ။
ချင်းပေက စဉ်းစားနေသည့် အချိန်တွင် သူမမျက်နှာ ပေါ်တွင် မရေရာသည့် အမူအရာ ကို ဆင်မြန်းထားသည်။ ချင်းပေက အားစစ်အား " နင် ပိုက်ဆံလိုလား .. ငါ အရင်ချေးပေးမယ်လေ "
အားစစ်က ဒီကောင်မလေးသည် အလွန်ရိုးသားသည်ဟု ခံစားလိုက်ရသည်။ အားစစ်တင်မဟုတ် ကျန်သည့် လူများလည်း အဲ့လိုခံစားလိုက်ရသည်။ အားစစ်အား အော်ပြောသည့် အမျိုးသားက ရှေ့ထွက်လာကာ " ကျွန်တော်တို့ကို ကယ်တင်ပေးဖို့ သခင်မကို တောင်းဆိုပါတယ် "
ချင်းပေက စိတ်ဆိုးနေသည့်ပုံစံ လုပ်ထားသော်လည်း သူမက ကျန်သည့် လူများကို သေချာကုသပေးခဲ့သည်။ အားလုံးပေါင်း ဆယ်နှစ်ယောက်ရှိပြီး တချို့ လူများက ဒဏ်ရာအတော်လေးပြင်းထန်လှသည်။ တစ်ပတ်လောက် သူမရဲ့ အချိန်များကို ထိုဂိုထောင်တွင် ကုန်ဆုံးခဲ့သည်။
အခုချိန်တွင် လူတိုင်း အနည်းနဲ့အများတော့ ပြန်ကောင်းလာပြီပင်။ အားစစ်သည်တော့ ချင်းပေနောက်လိုက်ကာ သူမလိုအပ်သမျှ ကူညီနေသည်။ ချင်းပေက အားလျိုအား စမ်းသပ်ပေးပြီး နောက် " ကဲ .. အကုန်လုံးပြန်ကောင်းသွား ပြီဆိုတော့ .. နောက်နေ့ ငါမလာတော့ဘူး ။ " ချင်းပေက တမင် မေ့ချင်ယောင်ဆောင်နေသည်။
အားစစ်အား အော်သည့် လူသည် တစ်ဖွဲ့လုံး၏ ခေါင်းဆောင် ရှောက်ယိ ဖြစ်သည်။ သူက ဦးစွာ တုန့်ပြန် လာသည်။ " သခင်မ ကို အလေးပြုပါတယ် .. ကျွန်တော်တို့ကို အသိအမှတ်ပြုဖို့ မျှော်လင့်ပါတယ် "
ချင်းပေ၏ အကြည့်က တစ်မျိုးဖြစ်သွားကာ " ရှင်တို့ရဲ့ အခြေအနေအရ နောက်ခံက ရိုးရှင်းမယ် မထင်ဘူး .. ငါက ဒီတိုင်း ကျောင်းသူတစ်ယောက်ပါ .. ပြင်းထန်တဲ့ သက်ရောက်မှုကို မခံနိုင်ဘူး "
ချင်းပေက ဆက်ပြောရန်ကြံလိုက်သော်လည်း သူမရဲ့ အမူအရာက ပြောင်းသွားကာ " သတိထား!!!!" ရှောက်ယိ အား ကန်လှဲလိုက်ရင်း သူမနောက်တွင် ရပ်နေသော အားစစ်အား ဆွဲချကာ ဝပ်လိုက်သည်။ သူမတို့ရပ်နေသည့် နေရာတွင် ကျည်ဆန်ကြောင့် အပေါက်များကျန်နေခဲ့သည် ။ လူတိုင်းက လေ့ကျင့်ထားသည့် သူများ ဖြစ်သဖြင့် တုန့်ပြန်မှုက လျင်မြန်ပေသည်။ သူတို့က ချောင်းပစ်ခံရကြောင်း သိလိုက်သည်နဲ့ အကာအကွယ်ယူလိုက်ကြသည်။
