Arc.4.27

2.5K 406 32
                                    

ပါတီပွဲတစ်ခုတွင် ချင်းပေသည် ဝိုင်တစ်ခွက် ကို ကိုင်ကာ ပျင်းတိပျင်းရွဲ အမှုအရာဖြင့် ထိုင်နေသည် ။ သူမသည် နက်ပြာရောင် ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားကာ အနည်းငယ်ရှည်လာသည့် ဆံနွယ်များက ပုခုံးထက်တွင် ဖြန့်ချထားသည်။ သူမရဲ့ ညာခြေအား ဘယ်ခြေပေါ်သို့ ချိတ်တင်ထားသဖြင့် ဒူးအထိသာရှည်သော ဂါဝန်ကြောင့် သူမရဲ့ ရှည်သွယ်သည့် ခြေတံအား ဖော်ပြထားသလိုပင် ။ သေးသွယ်သည့် ခါးလေးအား ရှေ့သို့ အနည်းငယ်ကိုင်းကာ ဒူးပေါ်တွင် မေးထောက်လျက် သူမရှေ့က ခမ်းနားသည့် မြင်ကွင်းအား မျက်ဝန်းမှေးကျဉ်းလျက် ပျင်းရိစွာ ကြည့်ကာ ဝိုင်ခွက်အား လှုပ်ခါနေသည်။ ခက်သဲ့သဲ့ လှုပ်ခါနေသည့် လက်ကောက်ဝတ်ကြောင့် လန်ယွီလက်ကောက်နဲ့ ဆင်တူသည့် လက်ပတ်ကြိုးလေးမှ သာယာသည့် အသံလေးက ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်နေသည် ။ သူမထံမှ ထွက်ပေါ်နေသော သန့်ရှင်းစင်ကြယ်သည့် အရှိန်အဝါသည် ကြယ်တစ်စင်းကဲ့သို့ လင်းလက်နေကာ လူများကို ဆွဲဆောင်နိုင်သော်လည်း တစ်ချိန်တည်းမှာဘဲ ဝေးကွာနေသည်ဟု ခံစားရစေသည် ။

သူမအကြည့်သည် တစ်နေရာတွင် မိန်းမလှလေးသုံးယောက်နဲ့ ပြဿနာဖြစ်နေသော ယွမ်ရှောင်ရှောင်းထံသို့ ရောက်သွားပြီး နူတ်ခမ်းထက်တွင် ခပ်ဖွဖွအပြုံးတစ်ခုပေါ်လာသည်။ ။ ကျင့်ကြံသူ ဖြစ်သည့်အလျောက် ယွမ်ရှောင်ရှောင်း၏ သာမန်ထက်အနည်းငယ်သာ ပိုသော ရုပ်ရည်သည် ပိုလှပလာကာ ကြီးစိုးလွှမ်းမိုးသည့် အရှိန်အဝါက သူမတစ်ကိုယ်လုံးတွင် ဖြာထွက်နေသည်အလားပင် ။

ချင်းပေထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် လူအများအား အေးစက်ကာ ကြောက်ရွံ့ စေလျှင် ယွမ်ရှောင်ရှောင်း၏ အရှိန်အဝါသည် သူမအား ကြည့်မိသူတိုင်းကို ကျရှုံးသွားစေရန် ဆွဲဆောင်နိုင်စွမ်းရှိသည်။ သူမသည် ဆွဲဆောင်မှုရှိသည့် ပွဲတက်ဂါဝန်အနီ ကို ဝတ်ဆင်ထားကာ သူမရဲ့ ပုံမှန်စတိုင်မှာ ခွဲထွက်နေကာ တစ်မျိုး ဆွဲဆောင်မှု ရှိနေသည် ။

ခန်းမ ထဲမှ ယောင်္ကျားလေးများ၏ မျက်လုံးများသည် ယွမ်ရှောင်ရှောင်းထံတွင် စုပြုံနေသည် ။ သူတို့က ဒီအလှလေးသည် ဘယ်က ကျရောက်လာသလဲ ဟု စိတ်ဝင်စားနေကြပုံပင် ။ ယွမ်ရှောင်ရှောင်းထံသို့ အေဂျင်စီတစ်ချို့ကပင် .. လိပ်စာကဒ်များ လာပေးလာလေသည်။ သူတို့က သူမအား အနုပညာလောကအထဲသို့ ဝင်စေချင်ခြင်းပင် ။ ယွမ်ရှောင်ရှောင်း ခန်းမထဲသို့ ဝင်လာသည်နဲ့  ရရှိလိုက်သည့် ကျော်ကြားမှုများက အချို့လူများကို မျက်စိစပါးမွှေးစူးစေသည် ။ ထိုအတွက် ကြောင့် ယခု ပြဿနာက ဖြစ်လာရခြင်းပင် ။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )حيث تعيش القصص. اكتشف الآن