ယွမ်ရှောင်ရှောင်းသည် အချက်ပြလိုက်ရာ အနီရောင်အစက် ရာကျော်သည် လီမိသားစုဝင်တိုင်းအပေါ်ကျရောက်လာသည် ။ " နင့်ရဲ့ အကြီးမားဆုံး အားနည်းချက်က .. ဂရုစိုက်တဲ့ လူတွေ သိပ်များနေတာဘဲ " တစ်ဖက် အဆောက်အဦးမှ စနိုက်ပါများသည် သူမအချက်ပေးလိုက်သည်နှင့် လီမိသားစုဝင် များကို အသာလေး သတ်ပစ်လိုက်ကြလိမ့်မည် ။ ချင်းပေသည် အတော်လေး စွမ်းအား ကြီးရင်တောင် သူမသည် အကုန်လုံးကို ကယ်ဖို့ မဖြစ်နိုင်ပေ ။
F မြို့သည် ဒုစရိုက်ဆန်သည် မြို့ဖြစ်သဖြင့် သတ်ဖြတ်မှုများ ဖြစ်သည်မှာ မထူးဆန်းပေ။ သို့သော် ယခုတစ်ခေါက်တွင် တိုက်ခိုက်သည့် သူသည် လီမိသားစု၏ ရုံးချုပ်အား လူရာကျော်ဖြင့် ဝိုင်းထားကာ တစ်ယောက်မှ လွှတ်ပေးမည့် ပုံမပေါ်ပေ ။ မြို့နေလူထု သည် ကြောက်ရွံ့သွားခဲ့ကာ အိမ်တွင်သာ ပုန်းအောင်းနေကြသဖြင့် F မြို့၏ လမ်းမထက်တွင် လူများ ရှင်းလင်းနေသည် ။ သူတို့က အဖွဲ့နှစ်ခုကြား မြေစာပင် ဖြစ်မည်ကို စိုးရိမ်ကြသည်။
ရှောင်ကျို သည် လူရှင်းလင်းသည့် လမ်းမကြီးထက်တွင် ကြောင်တောင်တောင်ကြည့်လိုက်ကာ " ဘာလဲဟ ... Host က ငါ သူမကို suprise လုပ်မှာ သိလို့ ပြန် suprise လုပ်တာလား ... အဲ့ဒီ ဆယ့်တစ် က မယုံရဘူး .." သူ့ပုံစံသည် အရင်ကကဲ့သို့ တက်ကြွနေဆဲ ဖြစ်သော်လည်း အနည်းငယ် မှိန်ဖျော့နေသည် ။
" Host ကို ရှာဖို့ စွမ်းအင် နဲနဲတော့ သုံးရဦးမယ် " သူသည် ရေရွတ်လိုက်ကာ အနည်းငယ်သော ဝိညာဉ်စွမ်းအင် အား အသုံးပြုလိုက်ပြီး ရေဒါ စနစ်ကို ဖွင့်လိုက်သည် ။ ဒီနှစ်များတွင် သူသည် လျှောက်သွားနေခဲ့သဖြင့် ဝိညာဉ်စွမ်းအင် သည် ကုန်ဆုံးခါနီးနေပြီ ဖြစ်သည် ။
" ဟင် ..Host အနားမှာ ဝိညာဉ်အပိုင်းအစတစ်ခုက ဘာလို့ရှိနေရတာလဲ ... " သူက ပြောနေရင်း ချင်းပေထံသို့ အလျင်အမြန်လျှောက်သွားနေသည် ။ ထိုဝိညာဉ်အပိုင်းအစသည် လူတစ်ယောက်အနားတွင် ကပ်နေကာ တစ်ဖြည်းဖြည်းအားကြီးလာနေသည် ။ ထပ်ပြီး အားကြီးလာလျှင် ကပ်တွယ်ခံရသည့်လူ၏ စိတ်ဝိညာဉ်အား ဝါးမျိုကာ ခန္ဓာကိုယ်အား အပိုင်သိမ်း လိုက်နိုင်သည် ။ ထွက်ပေါ်နေသည့် တောက်ပသသည့်အလင်းကြောင့် ထိုဝိညာဉ်သည် ခန္ဓာကိုယ်တွင် ကပ်တွယ်ကာ ဝိညာဉ်စွမ်းအင် အမြောက်အများကို စုပ်ယူပြီးလောက်ပြီပင် ။ ခန္ဓာကိုယ် ပိုင်ဆိုင်သွားသည်နဲ့ ထိုသူသည် ဝိညာဉ်စွမ်းအင် အပြည့်အဝအသုံးပြုနိုင်သည့် လူတစ်ယောက် ဖြစ်လာလိမ့်မည် ။ အရင်က ချင်းပေသာ ဆိုလျှင် ထိုအင်အားကို ကိုင်တွယ်နိုင်လောက်သော်လည်း ယခုအခြေအနေဖြင့်တော့ .. သူသည် ချင်းပေတွင် ဝိညာဉ်စွမ်းအင် မရှိတော့လောက်အောင် အားနည်းနေကြောင်း မြင်နေရသည် ။