Arc.4.38

2K 328 65
                                    

ရုံးချုပ် သို့ ရောက်သည့် အချိန်တွင် ရှန်းချွန်းမင် သည် ချင်းပေ နောက်သို့ လိုက်ကာ company အတွင်းသို့ ဝင်ရန်ပြင်လိုက်သည့်အချိန်တွင် သူ့ခြေထောက်တို့သည် တစ်ချက် ရပ်တန့်သွားခဲ့သည် ။

" ဘာဖြစ်လို့လဲ ..." သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မျက်စိဒေါက်ထောက် ကြည့်မနေခဲ့သော်လည်း ချင်းပေသည် တစ်ခုခုမှားနေကြောင်း ခံစားမိခဲ့ပေသည် ။

ရှန်းချွန်းမင် သည် ညင်သာစွာ ပြုံးပြလိုက်ကာ ချင်းပေ၏ ဆံပင်အား ဖွလိုက်ရင်း " ဘာမှ မဖြစ်ပါဘူး .. ဟွမ်ကျန်း က ကိုယ့်ကို ခေါ်လို့ .. "

" အော်.. ရတယ် .. သွားလေ .. ပြန်ရင် ကျန်းအာ အတွက် အေးတာလေး တစ်ခုခုဝယ်ခဲ့ .. F မြို့က တော်တော်ပူတယ် " ချင်းပေ က နားလည်မှုရှိစွာ ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည် ။

ရှန်းချွန်းမင် က သူမလေး၏ မျက်နှာပေါ်က အပြုံးနုနုလေးအား အသေအချာကြည့်ကာ " ကိုယ်ပြန်လာမှာပါ "

ချင်းပေ က နိမိတ်မကောင်းသည့် ခံစားချက်ကို ရလိုက်ကာ အထဲသို့ ဝင်နေသည့် သူမ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ လှည့်ကြည့်လိုက်သည် ။ သူမအား ပြုံးပြနေသည့် သူကို မြင်မှသာ စိတ်သက်သာရာရသွားကာ ပြန်လှည့်သွားသည် ။ ' ငါအထင်မှားတာ နေမှာပါ '

ရှယ်ယာရှင် အစည်းအဝေးသည် ထုံးစံအတိုင်း ငြင်းခုံမှုတွေနဲ့သာ ပြည့်နှက်နေခဲ့သည် ။ တစ်ချက်ရှိသည်မှာ လီမိသားစုဝင်များသည် သူမအား ဆက်ခံသူ ဖြစ်ဖို့ နှစ်အနည်းငယ် နောက်ဆုတ်ခိုင်းရုံသာ ဖြစ်သော်လည်း ကျန်သည့် လူများသည် သူမအား လုံးဝခါးခါးသီးသီး ငြင်းပယ်နေကြခြင်းပင် ။ ထို့အပြင် သူတို့က သူမအဖေကိုလည်း တစ်ချိန်တည်းမှာပင် ဖြုတ်ချချင်နေခဲ့သေးသည် ။

ထိုလူများကို ကြည့်ရင်း ချင်းပေက နှာခေါင်းရှုံ့ လိုက်သည် ။ သူမသည် ယွမ်ရှောင်ရှောင်း၏ ပြဇာတ်အား စောင့်နေသည်မှာ အနည်းငယ် ကြာလှပေပြီ ။ သေချာပေါက် ယွမ်ရှောင်ရှောင်းသည် ငြင်းခုန်မှု အထွဋ်အထိပ်ရောက်သည့် အချိန်မှ ပေါ်လာမည်ကို သိနေသော်လည်း စိတ်မရှည်တော့ပေ။ ဒီနေ့မှ သူမသည် အလိုလိုနေရင်း စိတ်တိုင်းမကျ ဖြစ်နေခဲ့သည် ။   ' မနက်ကတောင် ဒီလောက်မဆိုးသေးဘူး ။ ယွမ်ရှောင်ရှောင်း ကြောင့်များလား '

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Donde viven las historias. Descúbrelo ahora