Arc.4.6

3.9K 473 28
                                        

" ဒီမှာဘဲ နေမလို့လား ?" လီရှောင်းယန်က ချင်းပေ အနောက်တွင် ရှိသော ခြံငယ်လေးအား ကြည့်ကာ မေးလိုက်သည်။

" အွန်း... ကိုယ့်ဘာသာ အေးဆေးနေချင်လို့ " ချင်းပေက ခေါင်းညိတ်ရင် ရှေ့က ဦးဆောင်ကာ ဝင်သွားသည်။ ဤခြံအား သူမက အရစ်ကျဖြင့် ပေးဝယ်ထားရခြင်းပင်။ ခြံလေးက သေးငယ်သော်လည်း အေးချမ်းသည့် ပတ်ဝန်းကျင်ရှိသည်။ သင့်တင့်သည့် အရွယ်အစားမရှိသော်လည်း သူမတစ်ယောက်တည်း နေထိုင်ရန်အတွက်တော့ အဆင်ပြေသည်။

" အရင်ဝင်ထိုင်ပါဦး .."

လီရှောင်းယန် က အိမ်အတွင်းသို့ ပတ်ကြည့်လိုက်သည်။ ပစ္စည်းများက အဲ့လောက်မများဘဲ စာအုပ်များသာရှိသည်။ တော်တော်များများသည် နည်းပညာဆိုင်ရာ စာအုပ်များသာ။ အိမ်လေးသည် သပ်သပ်ရပ်ရပ်နဲ့ နေချင်စရာပင်။ သူက ကြည့်ရင်းနဲ့ အမှိုက်ပုံးထံသို့ကြည့်မိလိုက်သည့်အခါ ခေါက်ဆွဲခြောက်ထုပ်အခွံများသာ တွေ့ရသဖြင့် အရုပ်ဆိုးသွားသည်။ သူက ရေယူလာသည့် ချင်းပေအား ကျော်ကာ မီးဖိုဆောင်ထဲသို့ ဝင်‌သွားလိုက်သည်။

" နေ့တိုင်း ခေါက်ဆွဲခြောက်တွေဘဲစားနေတာလား " လီရှောင်းယန်က ချင်းပေအား ဆူပူလိုက်သည်။

' ပြုတ်စားတာပါ ' ချင်းပေက စိတ်ထဲက ရေရွတ်ေိသော်လည်း အပြင်တွင် ခေါင်းငုံ့ကာ မျက်နှာငယ်လေးနဲ့ နားထောင်နေသည်။ အတော်ကြာအထိ ခေါက်ဆွဲထုပ်ကိစ္စက ဖြေရှင်းလို့ မပြီးသေးပေ ။

ချင်းပေက လီရှောင်းယန် ၏ လက်ကို အသာဆွဲယမ်းလိုက်ကာ " အဖေ.... ချင်းအာ နောက်ကို မစားတော့ဘူး " သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

လီရှောင်းယန် က ချင်းပေ၏ နဖူးအား လက်ညိုးဖြင့် အသာတွန်းရင်း " ဘယ်လိုတောင် အတင်းနူးညံ့နေတဲ့ပုံ လုပ်ထားတာတုန်း .. သရုပ်ဆောင်လည်းမကောင်းဘဲနဲ့ ရုပ်ဆိုးလိုက်တာ "

" ဟေ့ .. ငါ့အဖေရော ဟုတ်ရဲ့လား .. ကိုယ့်သမီးကို နူးနူးညံ့ညံ့လေးဆက်ဆံတော့ သေသွားမှာလား... သွားသွား ပြန်တော့ ..  " ချင်းပေက လက်ကို လွှတ်ချကာ မီးဖိုခန်းအတွင်းသို့ ဝင်သွားလိုက်သည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Where stories live. Discover now