ချင်းပေက သူမလက်ထဲက ပုလင်းအား ဖွင့်လိုက်သည်။ ယွမ်ရှောင်ရှောင်း၏ သွေးအဆီအနှစ်ကို အသုံးပြုကာ မြေပြင်ပေါ်တွင် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ ရေးဆွဲလိုက်သည့်နေရာတွင် ချီစွမ်းအင်များ စုစည်းလာကာ ဝဲကတော့သဏ္ဍာန်ပေါ်လာသည်။ သို့သော် ထိုသဏ္ဍာန်သည် ပေါ်လာလိုက် ပျောက်လိုက်ဖြစ်နေသည်။
" သေစမ်း!!! ငါ့ ဝိညာဉ်စွမ်းအင် ကုန်တော့မယ် "'
ချင်းပေက မတ်တပ်ထရပ်လိုက်ကာ ရှဲ့ယောင်၏ဝိညာဉှ်ေရာက်သွားပြီး နဖူးအား လက်မဖြင့် ဖိချလိုက်ပြီး လှည့်လိုက်သည်။ အခြားတစ်ဖက် ကျန်ရှိနေသည့် ဝိညာဉ်စွမ်းအင်ကို စုစည်းလိုက်ကာ လက်နှစ်ချောင်းကို ဓားသဖွယ် ဆန့်တန်းလိုက်သည်။ ရှဲ့ယောင်၏ ဝိညာဉ်တွင် ဝိညာဉ်စွမ်းအင်များ ရှိနေသဖြင့် ကံကောင်းလှစွာ သူမရဲ့ စွမ်းအင်ကို ငြင်းဆန်ခြင်း မပြုခဲ့ဘဲ ဝိညာဉ်အတွင်းသို့ ဝင်သွားသည်။ သူမရဲ့ စွမ်းအင်သည် အနီရောင်အမှတ်အသားအား တဖြည်းဖြည်း တိုက်စား နေသည်။ သို့သော် သူမရဲ့စွမ်းအင်သည် နည်းပါးလွန်းသဖြင့် ထိုဖြစ်စဉ်သည် အလွန်နှေးကွေးစွာ ဖြစ်ပေါ်နေသည်။
ချင်းပေက သူမစွမ်းအင်သည် မလုံလောက်ကြောင်းသိနေသည်။ ယခုအချိန်တွင် သူမကိုယ်တိုင်က ကြံရာမရဖြစ်နေသည်။ သူမရပ်လိုက်လျှင် ကျရှုံးမှုအတွက် တန်ပြန်ဒဏ်ကို သေချောပေါက်ခံရလိမ်မည်။ ရှဲ့ယောင်က သေပင်သေသွားနိုင်သည်။
ရှဲ့ယောင်သည်လည်း ချင်းပေ၏ ခက်ခဲမှုကို သိလိုက်သည်။ သူက ချင်းပေအား ပြုံးပြရင်း " မအောင်မြင်ဘူးလား ... ကျွန်တော်က ဒေါ်လေးကို ဒုက္ခပေးမိပြီ .. လွှတ်လိုက်ပါတော့ "
" ဘယ်သူက နင့်ကို စကားပြောခိုင်းလို့လဲ .. " ချင်းပေက အမှတ်အသားအား ဆက်လက်လောင်ကျွမ်းပစ်နေသည်။
သည်အချိန်တွင် ယွမ်ရှောင်ရှောင်းသည် သူမ မျက်နှာအား အုပ်လိုက်ကာ နာကျင်မှုကြောင့် အော်ဟစ်နေရသည်။ သူမက တစ်ကိုယ်လုံး မီးလောင်ကျွမ်းသလို နာကျင်မှုကို ခံစားနေရသည်။ သူမရဲ့ ဝိညာဉ်ကပင် လောင်ကျွမ်းလာသလိုပင် ။
သူမ ရှေ့တွင်လည်း ပျော်လာလိုက်ပျောက်လိုက် ဖြစ်နေသည့် ဝဲကတော့ အသေးလေး ပေါ်လာသည်။ ထိုဝဲကတော့ မှ ချင်းပေ၏အသံက ထွက်ပေါ်လာနေသည်။
