ချင်းပေက ရှဲ့ယောင်အား စကားပြောနေရင်း တစ်နေရာသို့ လှည့်ကြည့်လိုက်သည်။ သို့သော် ထိုနေရာသည် မှောင်ရိပ်ကျနေသည်မှ လွဲ၍ မည်သည့်အရာမှ မရှိချေ ။ ပြီးနောက် စိတ်ပျက်သွားကာ အကြည့်လွဲလိုက်သည်။ သူမ အကြည့်လွဲသွားသည့်အချိန်တွင် ထိုနေရာနဲ့ ခပ်လှမ်းလှမ်းတွင် လူတစ်ယောက်ထွက်လာသည်။ ရှန်းချွန်းမင်က ချင်းပေအား တစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်ထွက်သွားသည်။ ' ကိုယ်တို့တွေ့ဖို့ အချိန်မရောက်သေးဘူး ' သူက ဤကဲ့သို့ စိတ်ရှုပ်ထွေးနေသည့် ပုံစံမျိုးနဲ့ သူမအား မတွေ့ချင်ပေ ။ တကယ်လို့ သူက သူမထင်ထားသလို ဖြစ်မနေခဲ့ရင် စိတ်ပျက်သွားမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ပေ ။
________
" ချင်းပေ ... ဒီတစ်ခေါက် သုတေသန က တကယ်ကို အကျိုးအမြတ်အကြီးကြီးရလိုက်တာဘဲ ... မင်းရဲ့ နည်းပညာ အရည်အချင်းကတော့ ကျောင်းက ဆရာတွေကိုတောင် အံဩသွားစေတယ်.."
" ပါမောက္ခက နောက်နေပြန်ပြီ .. ကျွန်မက အခုမှ ဒုတိယနှစ်ရှိပါသေးတယ် .. ဒီတစ်ခေါက် ကံကောင်းသွားတာပါ ..ကံကောင်းသွားတာပါ " ချင်းပေက ရယ်မောကာ ပြန်ဖြေလိုက်သည်။
" မဟုတ်တာ .. ဒီ ပရော့ဂျက်အတွက် မင်းကို ကျေးဇူးတင်ရမှာပါ .. ပြီးတော့ မင်းရဲ့ ရွေးချယ်မှုအတွက်ကော .. ကိုယ့်နိုင်ငံ ကို ပြန်ကြည့်တာ ကောင်းတယ် .. ကောင်းတယ် " ပါမောက္ခက ချင်းပေအား ကျေနပ်သည့်အသံဖြင့်ပြောလာသည်။
သူက ချင်းပေသည် M နိုင်ငံရဲ့ အကြောင်းကြားစာကို ငြင်းလိုက်ကြောင်း ကြားကတည်းက သဘောကျနေတာပင် ။ချင်းပေက ခေါင်းခါလိုက်ရင်း ရယ်သာရယ်နေလိုက်သည်။ သူမအတွက် ဘယ်ဆီမှာသင်သင် အတူတူပင် ။ သူမက သုတေသနအခန်းမှ ထွက်လာပြီးနောက် ကျောင်းတွင်းသို့ စိတ်ပြေလက်ပြောက် ပတ်ကြည့်နေသည်။ ကျောင်းတွင် အရေးကြီးသည့် ပရောဂျက် ရှိသည့်အချိန်မှ လွဲ၍ သူမက ကျောင်းသို့ လာခဲပေသည်။ အစပိုင်းတွင် ပါမောက္ခများက မကျေနပ်မှုအနည်းငယ်ရှိသော်လည်း သူမရဲ့ အခြေအနေကြောင့် ထိုပြဿနာမျိုးမရှိတော့ပေ ။
Ring!!Ring!!!
" ပြော ဘာပြဿနာ ဖြစ်နေပြန်ပြီလဲ " ချင်းပေက ဖုန်းပြန်ဖြေရင်း နူတ်ခမ်းတွန့်သွားသည်။ ယခုအသက်အရွယ်ထက် ရင့်ကျက်နေကြောင်း သူမကိုယ် သူမသိသော်လည်း ဒီအကောင် သည်တော့ သူမရှေ့တွင် အသုံးမကျသည့် လူတစ်ယောက်လို ပြုမှုနေတော့သည်။