ချင်းပေသည် ကျဆင်းလာသော မိုးစက်များကို ငေးကြည့်ရင်း သွေးစွန်းနေသည့် နေရာအား ကျောခိုင်းလျက် အနက်ရောင် ထီးတစ်ချောင်းနဲ့အတူ ဖြေးညင်းစွာ လှမ်းလျှောက် ထွက်လာခဲ့သည် ။ ထိုနေ့မှ စ၍ နဂါးနက် ဂိုဏ်းသည် လုံးဝ ပျက်စီးသွားခဲ့ချေပြီ ။
" အင်း... အချိန်မီရောက်အောင် လာခဲ့ပါမယ် အဘိုး " ဖုန်းချလိုက်ရင်း ကားမှန်မှတစ်ဆင့် အပြင်သို့ ကြည့်လိုက်သည် ။ တစ်ချိန်က ထားခဲ့သည့် ကတိသည် ယခုအချိန်တွင် ကတိတည်သင့်သည့် အချိန်သို့ ရောက်လာပေပြီ ။ သူမသည် လီမိသားစုဝင် အဖြစ် တရားဝင် ကြေညာဖို့ အချိန်ရောက်လာခဲ့ပြီ ။
ချင်းပေသည် S မြို့မှ တဆင့် F မြို့သို့သွားသည့် အချိန်တွင် နဂါးနက် ဂိုဏ်း၏ တည်နေရာသို့ အလွန်မြန်သည့်အရှိန်ဖြင့် မိန်းကလေး တစ်ယောက် ရောက်လာခဲ့သည် ။ သူမသည် ဖန်းရီ ၏ ရုပ်အလောင်းအား ကြည့်လျက် အငြိုးတကြီး ရေရွတ်နေခဲ့သည် ။ ချင်းပေ သည် အဆောက်အဦးအား ဤအတိုင်းထားခဲ့သော်လည်း ထိုမိန်းကလေး၏ ဒေါသကြောင့် အဆောက်အဦးအား ဖြိုချပစ်ခဲ့ကာ သူမရဲ့ တပည့်အား နောက်ဆုံး ခရီးကို ပို့ဆောင်ပေးခဲ့သည် ။
ယွမ်ရှောင်ရှောင်းသည် တအိအိပြိုကျလာသော အဆောက်အဦးအား တည်ငြိမ်သည့် အကြည့်ဖြင့် ကြည့်နေခဲ့သော် လည်း တစ်ယောက်သည် ထိုမျက်ဝန်းထဲမှ နာကျည်းမှုနဲ့ အမျက်ဒေါသကို တွေ့နိုင်ပေသည်။ လက်ဝှေ့ယမ်း လိုက်သည့်အချိန်တွင် အရိပ်ကဲ့သို့သော လူတစ်ယောက် သည် သူမအနောက်တွင် ပေါ်လာခဲ့သည် ။ ထိုလူထံမှ အချက်အလက်များအား နားထောင်ပြီးနောက် သူမ ထံမှ သတ်ဖြတ်ချင်သည့် အရှိန်အဝါများ တရိပ်ရိပ်ထွက်လာခဲ့သည် ။ သူမ၏ အေးစက်သည့်အသံ ပတ်ဝန်းကျင်အား ပျံ့နှံ့သွားကာ ကြားသည့် လူတိုင်းကို ကြောက်ရွံ့စေခဲ့သည် ။
" သူမဘေးနားက လူတွေကို အသက်မရှင်ချင်တော့အောင် လုပ်ပေးလိုက် .." ယွမ်ရှောင်ရှောင်းသည် ချင်းပေ၏ ဓာတ်ပုံအား ဆုတ်ဖြဲလိုက်သည်။ နင့်ဘေးနားက လူတွေကို မထိဖို့ ငါ့ကို သတိပေးခဲ့တယ်မလား .. အခု အဲ့ဒီနေ့က အကြွေးရော ဒီနေ့အကြွေးရော ပေါင်းပြီးယူတော့မယ်.. နင်က လီမိသားစုက ဖြစ်နေတဲ့အတွက် နင့်ကိုယ်နင်သာ အပြစ်တင်လိုက် ။