ရှန်းချွန်းမင် သည် လီရှောင်းယန် ထံသို့ မကြာခင်ပင် ရောက်လာခဲ့သည် ။ လီရှောင်းယန်၏ အမှုအရာသည် အနည်းငယ် မှုံမှိုင်းနေပုံ ပေါ်သည် ။ သူက ရှန်းချွန်းမင် အား တစ်ချက်သာ ကြည့်ပြီး ရှေ့က ထွက်သွားသည် ။ " ငါ့နောက်ကို လိုက်ခဲ့ .. "
အတန်ကြာ လမ်းလျှောက်ပြီးနောက် မြူများ အုံဆိုင်းနေသည့် နေရာသို့ ရောက်လာခဲ့သည် ။ မြူများကို ကျော်ဖြတ်ပြီးနောက် အတော်လှပသည့် မြင်ကွင်းကို မြင်လိုက်ရသည် ။ အဖြူနဲ့ ခရမ်းရောင် ရောယှက်နေသည့် Aster ပန်းခင်းကြီးက သူတို့အား ဆီးကြိုနေသည် ။ သို့သော် ရှန်းချွန်းမင်၏ အမှုအရာ သည် တစ်မျိုးဖြစ်သွားသည် ။
လီရှောင်းယန် ၏ တည်ငြိမ်နေသည် အသံက သူ့နဲ့ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည် ။ " မင်းက ဝိညာဉ်နဲ့ ပတ်သက်ရင် အတော်လေး ကျွမ်းကျင်တယ်မလား .. ဒါဆို ခံစားမိမှာပေါ့ "
ရှန်းချွန်းမင်က အသာခေါင်းညိတ်လိုက်သည် ။ သူက ဤနေရာတွင် စွမ်းအားကြီးသည့် ဝိညာဉ်တစ်ခုသည် တစ်စစီပျက်စီးခဲ့ကြောင်း ခံစားမိလိုက်သည် ။ ထိုဝိညာဉ်သည် သူတို့လို အဆင့်မဟုတ်သော်လည်း သူအသိအမှတ်ပြုရလောက်တဲ့ အထိတော့ အင်အားကြီးသည် ။ ထို့နောက် သူက လီရှောင်းယန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည် ။
" ဟုတ်တယ် .. ဒါက မင်းသိချင်နေတဲ့ ရလဒ်ဘဲ.. ဒါက အရိုက်အရာစွန့်လွှတ်ပြီးတာတောင်ငါက ဘာလို့ တည်ရှိနေသေးတာလဲ ဆိုတာဘဲ " လီရှောင်းယန် က လက်နှစ်ဖက်ကို အနောက်ပစ်လိုက်ကာ Aster ပန်းခင်းကြီး အား ငေးကြည့်လိုက်သည် ။ " သူက ငါ့ကို ကယ်ဖို့ သူ့ဝိညာဉ်ကိုစတေးသွားခဲ့တယ် .. "
လီရှောင်းယန် က သက်ပြင်းအသာချရင် ကူကယ်ရာမဲ့သည့် ခံစားချက်ကို ခံစားလိုက်ရသည် ။တကယ်လို့ သူသာ တဇွတ်ထိုး မလုပ်ခဲ့ရင် ၊ ဒါမှမဟုတ် အချိန်မလွန်ခင် နောက်ဆုတ်ခဲ့ရင် အခုချိန် " သူ " သည် အသက်ရှင်နေခဲ့ဦးမည် ။ သူနဲ့ တစ်နေရာစီ ရှိနေပေမဲ့လည်းပေါ့ ။ သူက လူသားတစ်ယောက်ဖြစ်လာသော်လည်း ကံကြမ္မာကို လွန်ဆန်ခဲ့သည့်အတွက် ကံကြမ္မာဆိုးကို သယ်ဆောင်သည့် လူတစ်ယောက်သာ ဖြစ်လာခဲ့သည် ။ ပြန်မွေးဖွားလာတဲ့ ဘဝတိုင်းမှာ သူဟာ ကံကြမ္မာ ပန်းတိုင်ရှိတဲ့ တစ်စုံတစ်ယောက် အတွက် လှေကားထစ် ဖြစ်ပေးရသည် ။
