FINAL

3K 408 131
                                    

" ကိုကို ... အခမ်းအနားစတော့မယ် .." ပိုင်ရှန့်သည် နက်ပြာရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ အသာသက်ပြင်းချရင်း ဝိုင်တစ်ခွက်ကိုင်ထားကာ အဆောက်အဦး၏ ခေါင်းမိုးထပ်တွင် အပြင်ကို ငေးကြည့်နေသည့် ရှဲ့ယောင်အား လှမ်းခေါ်လိုက်သည် ။ လွန်ခဲ့သည့် နှစ်နှစ်က ဒီနေ့သည် နှလုံး ရောဂါသည်များတွင် အသုံးဝင်ဆုံး ဆေးအား စတင်ဖြန့်ချီ သည့်နေ့ဖြစ်ကာ ယနေ့သည် ရှဲ့ယောင်သည် A နိုင်ငံ ၏ အငယ်ဆုံးသမားတော်အဖြစ် သတ်မှတ်သည့် အခမ်းအနားကို ကျင်းပ သည့် နေ့ဖြစ်သည် ။

အသက် 30 နားနီးနေပြီ ဖြစ်သည့် ရှဲ့ယောင် သည် နီညိုရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည် ။ သူက ဝိုင်ခွက်ကို မော့ချလိုက်ရင်း ဆွေးမြေ့စွာ ပိုင်ရှန့်အား ပြောလာခဲ့သည် ။ " ရှန့် ... ဒေါ်လေး.. သတင်း ဘာကြားသေးလဲ "  ချင်းပေ ပျောက်သွားသည်မှာ ငါးနှစ် ကျော်ရှိနေပြီ ဖြစ်သည် ။ သူတို့တစ်ယောက်ချင်းစီ တိုင်းသည် အလွန်ကျော်ကြားကာ အာဏာရှိနေခဲ့ပြီ ဖြစ်သော်လည်း သူမရဲ့ သတင်းအစအနပင် မရခဲ့ကြပေ ။

ပိုင်ရှန့် က ခေါင်းသာ ခါပြလိုက်သည် ။ ရှဲ့ယောင် သည် ထိုအဖြေကို ခန့်မှန့်ထားခဲ့ပြီး ဖြစ်သော်လည်း ထပ်သိလိုက်ရသည့်အခါ စိတ်ပျက်မှုတို့ ကြီးစိုးလာပြန်ရသည် ။ သူသည် အထက်စီးမှနေ၍ မြို့အား လှမ်းကြည့်လိုက်သည် ။ ယနေ့ သူရခဲ့သည့် အောင်မြင်မှုများသည် သူမ သင်ပေးခဲ့သည့် ဆေးပညာများနဲ့ အတူ သူမပေးခဲ့သည့် ဆေးညွှန်းများ ဗဟုသုတ များကြောင့်ပင် ။ ' ငါတို့ကို အခုလို အဆင့်မျိုးရောက်အောင် လုပ်ပေးခဲ့ပြီးမှ .. အဲ့လိုပျောက်သွားရသလား '

ပိုင်ရှန့်က ရှဲ့ယောင်၏ လက်အား အသာဆုပ်ကိုင်လိုက်ပြီး " ဒေါ်လေးက .. အစွမ်းထက်တဲ့သူဆိုတာ မှတ်မိတယ်မလား .. သူမကို ကိုယ်တို့က သာမန်အတွေးနဲ့ မှတ်ချက်မချနိုင်ဘူး .. ငါးနှစ်ဆိုတာ သူမအတွက် ဘာမှမဟုတ်ဘူး .. အချိန်တန်ရင် ပြန်လာမှာပါ "

ရှဲ့ယောင်က သူသည် ဒေါ်လေး ဆိုသည့်စကားအား ခေါ်လိုက်တိုင်း ဖြစ်သွားတတ်သည့် ချင်းပေ၏ မျက်နှာအား တွေးမိလိုက်ကာ ပြုံးလိုက်မိသည် ။ သူသည် ပိုင်ရှန့်၏ လက်အား ပြန်ဆုပ်ကိုင်ကာ ခေါင်းညိတ်လိုက်သည် ။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Tempat cerita menjadi hidup. Temukan sekarang