ချင်းပေက အမှောင်အဖွဲ့အား ကြည့်လိုက်သည်။ သူတို့ကလည်း အံ့ဩတကြီး ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။ သို့သော် သူတို့က လေးစားအားကျသည့် ခံစားချက်ကို မခံစားရဘဲ ရုတ်တရက် ထိုမိန်းကလေးကို လုပ်ကြံသတ်ချင်နေသည့် အကြည့်ဖြစ်နေသည်။
ချင်းပေက ရှောက်ယိ အရှေ့သို့ ချက်ချင်းရောက်သွားကာ ပုခုံးအား ပုတ်လိုက်သည်။ လူသတ်ငွေ့ထွက်သွားသည်နဲ့ ပစ်မှတ်ဖြစ်တဲ့ ယွမ်ရှောင်ရှောင်းက အာရုံခံမိပေမည် ။ သူမက အာရုံမခံမိရင်တောင် သူမနောက်တွင် ရပ်နေသည့် ရေခဲတောင်ကြီးက အာရုံခံမိပေမည်။ ကျန်သည့် အမှောင်အဖွဲ့ကလည်း အခုမှ သတိပြန်ဝင်လာကြသည်။
ချင်းပေက လက်ဝှေ့ယမ်းလိုက်ကာ " ငါ့ကို လမ်းအပြင်မှာ စောင့်နေ .."
" ခေါင်းဆောင် !!!! " ရှောက်ယိက အပြစ်ရှိဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ အားစစ်ပင် ပါသေးသည်။ သူမက ချင်းပေကို မကြည့်ရဲပေ ။ ဤလမ်းတွင်ရှေးဟောင်းပစ္စည်းများနဲ့ ကျောက်စိမ်းဆိုင်များ ရှိကာ ဆိုင်တန်းသည့် ရှည်လျားလှသည်။ သူတို့က ချင်းပေ တစ်ခုခုဖြစ်လျင် အချိန်မီ လာနိုင်ဖို့ မသေချာပေ။
ချင်းပေက ထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ သူမက ကျောက်စိမ်းရှိသည့် ကျောက်တုံးများထံလှည့်လည်သွားလာရင်း ချီစွမ်းအင်ကို ဆက်လက်စုပ်ယူနေသည်။ သူမက ထိုကျောက်တုံးများကို ဝယ်ရန် စိတ်မဝင်စားပေ ။ ထိုကျောက်စိမ်းများက သူမအတွက် ကျောက်တုံးအပိုင်းအစများသာ .. ။ ယွမ်ရှောင်ရှောင်းတွင် ရှိသည့် ကျောက်စိမ်းများမှ လွဲ၍ ဆိုင်အတွင်းရှိ ကျန်သည့် ကျောက်စိမ်းများမှ ချီစွမ်းအင် အကုန်လုံးကို စုပ်ယူပြီးနောက် သူမက ကျောက်တုံးတစ်ခုအား ကောက်ကိုင်ကာ ကောင်တာသို့သွားလိုက်သည်။
" ယွမ် တစ်သောင်း.. မိန်းကလေးက အခုဖြတ်မှာလား .. ဒီတိုင်းယူသွားမှာလား " အရောင်းဝန်ထမ်း၏ အသံက အနည်းငယ်နူးညံ့သွားသည်။
ချင်းပေက စိတ်မဝင်စားစွာဖြင့် " ဖြတ်လိုက်ပါ ..ဒါပေမဲ့ မြန်မြန်လုပ်ပေး .. " ပြီးနောက် သူမက လက်ထဲရှိ ဖုန်းအား ကြည့်နေသည်။