Arc.4.32

2.4K 355 32
                                        

" အဖေ က ကို့ ကို လန်ဟယ်တောင်ခြေ ကို ခနလာခဲ့တဲ့ " ချင်းပေက ဖုန်းကို ချလိုက်ရင်း ခေါင်းစောင်းလိုက်ကာ သိချင်စိတ်ပြင်းပြ‌နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည် ။

" အခုလား... ဒါပေမဲ့.. ကျန်းအာ က " ချင်းပေသည် ယနေ့ S မြို့သို့ သွားရန် အချိန်နီးနေပြီဖြစ်သည် ။ သူက သူမအား တစ်ယောက်တည်းလွှတ်ရန် စိတ်မချပေ ။ တစ်ဖက်တွင် လီရှောင်းယန် သည် သူ့အား ခေါ်ခဲ့သဖြင့် အရေးကြီးကိစ္စ ရှိနေမည်မှာ သေချာလှသည် ။

ချင်းပေက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည် ။ " ရပါတယ်... သူတို့လောက်တော့ ကျန်းအာ တစ်ယောက်တည်းကိုင်တွယ်နိုင်ပါတယ်.. " လျို့ဝှက်စုံစမ်းရေးအဖွဲ့မှ သူမရဲ့ ဆိုင်အား ဖျက်ဆီးသွားသည့် လူ၏ နေရာကို မကြာခင်ကမှ သတင်းပို့ခဲ့သည်။ တော်ရုံဆို သူမကိုယ်တိုင်သွားစရာမလိုသော်လည်း ကျင့်ကြံသူရှိနေမည်ကို စိုးရိမ်သောကြောင့်ပင် ။ သူမရဲ့အဖွဲ့မှ လူများသည် သူမရဲ့ဓားကဲ့သို့ ဖြစ်သော်လည်း အလကား အသေမခံခိုင်းနိုင်ပေ ။

ရှန်းချွန်းမင်သည် သူမရဲ့ အအေးဒဏ်ကြောင့် အနည်းငယ်နီနေသည့် ပါးလေးအား အသာထိလိုက်ကာ " ဂရုစိုက်ပါ .." ချင်းပေ အသေအချာ ခေါင်းညိတ်လိုက်သည်ကို ကြည့်ပြီးမှ သူက ထွက်သွားခဲ့သည် ။

ရှန်းချွန်းမင် ထွက်သွားပြီးနောက် ချင်းပေက အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည် ။ သူမ မျက်နှာပေါ်တွင် အပြစ်ကင်းစင်မှု ၊ ချစ်စရာကောင်းသည့် အမှုအရာ တို့သည် တစ်ခါမှ မရှိခဲ့ဘူးသည့်အလား ပျောက်သွားကာ အေးစက်သည့် အမှုအရာသာ ရှိနေသည် ။ ရုတ်ချည်းပြောင်းလဲ သွားသည့် အရှိန်အဝါကြောင့် အားစစ် က ချင်းပေနဲ့ ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည် ။ အချိန်များကြာပြီးသည့် တိုင်အောင် သူမသည် ချင်းပေ၏ ပြောင်းလဲနိုင်မှုနဲ့ ပတ်သက်လို့ အံ့အားသင့်နေဆဲဖြစ်ပြီး နေသားမကျသေးပေ ။ သူတို့ ခေါင်းဆောင်သည် သာမန် အချိန်များတွင် ကာကွယ်မှုကို လိုအပ်နေသည့် ကောင်မလေး တစ်ယောက်ကဲ့သို့ သူမထံမှ မည်သည့် အန္တရယ် အငွေ့အသက်မှ မခံစားမိပေ ။ ဆန့်ကျင်ဘက် အချိန်များတွင် သူမသည် လူ့အသက်ကို သူမပိုင်ဆိုင်သည့် မြက်တစ်ပင်လောက်တောင် တန်ဖိုးမထားသည့် ပုံပေါက်နေကာ ခံစားချက်ကင်းမဲ့နေသည် ။
ဤပြောင်းလဲနိုင်မှုက အမှန်ပင်ကြောက်စရာကောင်းလှသည် ။ တဖက်လူသည် သင့်အား သတ်သွားသည့်တိုင်အောင် အန္တရယ်ကို ခံစားမိမည် မဟုတ်သဖြင့် ခုခံမည့် အတွေးပင် ပေါ်လာမည် မဟုတ်ဘဲ သေသွားရပေလိမ့်မည်။
______________________
ချင်းပေ သည် S မြို့သို့ ပြန်ရောက်လာသည့် အချိန်တွင် ထူးခြားမှုကို ချက်ချင်းခံစားလိုက်ရသည် ။ ယခင်က အပြိုင်အဆိုင်အငွေ့အသက်များနဲ့ ပြည့်နှက်နေသည့် မြို့သည် ‌တိတ်ဆိတ်သည့် အငွေ့အသက်တို့ ခြုံလွှမ်းနေကာ ဤနယ်မြေ သည် တစ်ယောက်ယောက်၏ ပိုင်ဆိုင်မှုဖြစ်‌ကြောင်းကို ကြောညာထားသည့်အလားပင် ။ သူမက အချိန်ဖြုန်းမနေတော့ဘဲ ပြောထားသည့် နေရာသို့ ချက်ချင်းသွားလိုက်သည် ။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Donde viven las historias. Descúbrelo ahora