Arc.4.35

2.2K 328 34
                                        

လီရှောင်းယန် သည် ကောင်းကင်အား မော့ကြည့်လိုက်ရင်း သူ့အတွေးများသည် အတိတ်တစ်ချိန်သို့ ရောက်ရှိသွားခဲ့သည် ။ ထိုအချိန်က သူသည် တိုက်ပွဲ တစ်ခုကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ကာ အခြားလောက တစ်ခုဆီကို ရောက်သွားခဲ့သည် ။ သေလုမျောပါးဖြစ်နေသည့် သူသည် သူ့လောကသို့ ပြန်ရန် မစွမ်းဆောင်နိုင်တော့ဘဲ သာမန် လူသားတစ်ယောက်ထက်ပင် အားနည်းနေခဲ့သည် ။

" ဟေ့...‌ဟေ့...မင်း အဆင်ပြေရဲ့လား " သူမေ့မျောမသွားခင် ‌ကြားခဲ့ရသည့် ခေါ်သံတစ်ခု၏ ပိုင်ရှင်သည် သူ့ဘဝအတွက် အရေးကြီးဆုံးလူဖြစ်လာခဲ့သည် ။ ကျင့်ကြံခြင်းလောက တွင် ထိပ်ဆုံး ဖြစ်တည် မှု သို့ရောက်နေသည့် သူသည် သူ့ကို ကယ်တင်ဖို့ရန် တော်တော်လေး အားစိုက်ထုတ်ခဲ့ရသည်။ 

သူသတိရလာသည့်အချိန်သည် တိုက်ဆိုင်စွာပင် ထိုသူက သူ့အား အသေအချာ ငုံ့ကြည့်နေခဲ့သည့် အချိန်ပင်။ နက်ရှိုင်းသည့် အကြည့်နှစ်ခုတို့သည် ဆုံသွားခဲ့ကာ အတော်ကြာအကြည့်မလွဲနိုင်ခဲ့ကြပေ ။ သူ၏ပထမဆုံးအမြင်သည် ကော့စင်းနေသည့် မျက်တောင်လေး ၊ နီရဲကာ ခပ်တင်းတင်းစေ့ထားသည့် နူတ်ခမ်းတစ်စုံ မဟုတ်ခဲ့ဘဲ မျက်နှာလေးပေါ်တွင် အနည်းငယ် ဝဲကျနေခဲ့သည့် နက်မှောင်သည့်ဆံပင် များ ဖြစ်နေခဲ့သည် ။ 

အမြဲလိုလို တည်ငြိမ်နေတတ်သည့် ထိုသူသည် ထိုအခါ က နားရွက်များ နီရဲ နေခဲ့သည်ကို မြင်ခဲ့ရသေးသည် ။

" အဟမ်း... မင်းက ထူးဆန်းတဲ့ ကောင်လေး ဘဲ .. ငါ့ရဲ့ကျင့်စဉ်အဆင့် နဲ့တောင် သတိရအောင်လုပ်ဖို့ အချိန်အတော်ကြာခဲ့တယ်..  " ရှက်ရမ်းရမ်းပြီး ပြောလာသည့်စကားတို့ကို သူက တိတ်တဆိတ် ကြိတ်ရယ်နေခဲ့သေးသည် ။ အမှန်ပင် မေ့မျောနေသည့် သူ့အား ပြုစုစောင့်ရှောက်ခဲ့သည့် အချိန်ဆယ်နှစ် သည် လူ့လောကတွင်တော့ အတော်လေးကြာသည့်အချိန်ပင် ။ ကိုယ်မသိသည့် သူစိမ်းတစ်ယောက် လူကောင်းလား လူဆိုးလား မသေချာသည့် သူ့ကို ဆယ်နှစ်လောက် ကုသပေးခဲ့သည် ။ သူ့ကို ကုသပေးရသည်မှာ လွယ်ကူခဲ့သည်တော့ မဟုတ်ပေ ။ ထိုအတွက် ထိုသူ၏ အသက်စွမ်းအင်နဲ့ ကျင့်ကြံဆင့်သည် လျော့ကျသွားခဲ့ရသည် ။ ဒါတောင် ထိုသူက အပြုံးမပျက်ပင် ရှိနေခဲ့သေးသည် ။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Where stories live. Discover now