" ဒီလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆေးပညာ ဘယ်လောက်ထိ လေ့လာနိုင်မှာလဲ .. သူ ကုနိုင်တယ်ဆိုတာ သေချာလို့လား မတော်လို့ တစ်ခုခု ဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာလဲ ပိုင်ရှန့် မင်းက ဒီလို မဆင်မခြင် လုပ်လိမ့်မယ်လို့ မထင်ထားဘူး "
ချင်းပေက အိမ်ထဲသို့ ဝင်ဝင်ချင်း ထေ့ငေါ့လှောင်ပြောင်သည့် အသံကို အရင်ကြားလိုက်ရသည်။ ပိုင်ရှန့်က ထိုစကားအား အေးစက်စက်အကြည့်ဖြင့်သာ တုန့်ပြန်လိုက်ပြီး ဘာမြှပန်မပြောသော်လည်း ရှဲ့ယောင်၏ ဘေးနားတွင် ရပ်လိုက်သည်။ ဒါသည် သူ၏ ရပ်တည်ချက်ကို ဖော်ပြခြင်းဖြစ်သည်။
ရှဲ့ယောင် သည် အစက ပိုင်ရှန့်အား မကျေမနပ်ဖြစ်နေသော်လည်း လူနာကို တွေ့လိုက်သည်နဲ့ သူက ပိုင်ရှန့်၏ လုပ်ဆောင်ချက်ကို အပြစ်ဟု မတွေးတော့ပေ ။ အဖိုးပိုင်၏ အခြေအနေသည် အတော်လေး ဆိုးရွားနေပြီး မျက်စိပါသည့် လူတိုင်း အလွန်ဆိုးရွားသည့် အခြေအနေသို့ ရောက်နေကြောင်း ပြောနိုင်ပေသည်။
ချင်းပေကလည်း ကုတင်ပေါ်တွင် လှဲနေသည့် လူအိုကြီးထံမှ သေခြင်းချီများ ထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။ ဒါက ထိုလူသည် မကြာခင် သေတော့မည်ဟုသည့် အဓိပ္ပာယ်ပင် ။တစ်ချိန်က နာမည်ကြီး သိုင်းပညာရှင် ဖြစ်သည့် ပိုင်ထိုက်ရှန့် သူ၏နောက်ဆုံး အချိန်သို့ ရောက်နေပေပြီ ။
အဖိုးပိုင်၏ သွေးကြောများတွင် သေခြင်းချီများ လှည့်ပတ်နေသဖြင့် တဖြည်းဖြည်း ပျက်စီးလာသည် ။ ချင်းပေ၏ ဆေးပညာဖြင့် သူမက အဖိုးပိုင်၏ အခြေအနေကို အခြားသူများထက်ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ ထူးဆန်းသည့်အရာမှာ အဖိုးပိုင်၏ သေခြင်းချီများသည် ယခုမှ ဖြစ်လာခြင်းမဟုတ်ဘဲ နှစ်ပေါင်းများစွာ စုစည်းထားသည်နဲ့ တူသည်။ အခြားအမြင်နဲ့ ပြောလျှင် အဖိုးပိုင်သည် ကိုယ့်သေတွင်းကိုယ်တူး ထားခြင်း ဟု ဆိုနိုင်သည်။
ရှဲ့ယောင်ကလည်း အဖိုးပိုင်၏ သွေးကြောများ ပျက်စီးနေသည်ကို တွေ့နိုင်ခဲ့သည်။ သူက ပိုင်ရှန့်ထံမှ .. ကျောက်စိမ်းဘူးကို တောင်းလိုက်ပြီး ထိုထဲက ဆေးပင်ကို ယူလိုက်သည်။ အခြားဆေးပင်များဆိုလျှင် ကျိုတာ ၊ ထောင်းတာ ၊ အခြောက်လှန်တာ ၊ စသည်ဖြင့် ပြုလုပ်ကာ ဆေးအဖြစ်သုံးသော်လည်း ဤဆေးပင်က ထိုကဲ့သို့ မဟုတ်ပေ ။ သူက ချီစွမ်းအင် နဲ့ ဆေးပင်ထဲရှိ ဆေးအဆီအနှစ်ကို ထုတ်ယူမှသာ ဆေးစွမ်းအင်ပြနိုင်သည်။ ရှဲ့ယောင်သည် ဤဆေးပင်အား ရရှိရန် အဆက်အသွယ်များစွာကို အသုံးချခဲ့ရပြီးမှ ရရှိခဲ့ခြင်းပင် ။ ချီစွမ်းအင် ပါသော ဆေးပင်များသည် ကျင့်ကြံသူ ဆရာသခင်များဖြင့် ပတ်သက်သဖြင့် ရှားပါးသည် ထက်ကို ရှားပါးသေးသည်။
