Arc.4.19

3.2K 494 97
                                        

ပိုင်ရှန့်က ရုတ်တရက် ပူထူသွားကာ မတုန့်ပြန်နိုင်ဖြစ်သွားသည်။ လန့်သွားကာ တောင့်တင်းနေသည့် ယွမ်ရှောင်ရှောင်းအား တွန်းဖယ်လိုက်ကာ ရှဲ့ယောင်ဆီသို့ သွားလိုက်သည်။ ရှဲ့ယောင် က မူးဝေနေသည့် ခေါင်းအား ခါလိုက်ကာ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။ သူလက်ထဲရှိ ပုလင်းအား လှမ်းလာနေသည့် ပိုင်ရှန့်အား ကမ်းပေးကာ " အဘိုးကို မြန်မြန်တိုက်လိုက်ပါ .. အနည်းဆုံးတော့ အသက်ကိုဆွဲဆန့်ထားနိုင်လိမ့်မယ် .. ဒါပေမယ့် .. အဟွတ်.. ဒါပေမဲ့ ရောဂါအရင်းအမြစ်ကို ချက်ချင်း‌ပျောက်အောင် မကုသနိုင်ရင် ခများက နောက်ထပ် ဆေးပင်တွေ ထပ်ရှာရဦးမယ် "

ပိုင်ရှန့်က လက်ထဲရှိ ပုလင်းအားကြည့်လိုက်သည်။ ဒါသည် ရှဲ့ယောင် က သူမလှဲကျခင် အလျင်အမြန်သိမ်းလိုက်သည့် ဆေးအဆီအနှစ်တစ်ဝက်ပင် ။ ကျန်တစ်ဝက်မှာ ပြာဖြစ်သွားပေသည်။ သူက ဆေးကို အဖိုးပိုင်အား တိုက်ပြီးနောက် ယွမ်ရှောင်ရှောင်း နဲ့ ပိုင်ဟန် အား ကြည့်ကာ " ထွက်သွား .. ပိုင်မိသားစုက မင်းတို့ကို မကြိုဆိုဘူး "

ယွမ်ရှောင်ရှောင်းက အစပိုင်းလန့်သွားသော်လည်း နှာခေါင်းရှုံလိုက်ကာ " သွားဆိုသွားတာပေါ့ .." သူမက ပိုင်ဟန်အား အေးစက်စွာ ကြည့်လိုက်ပြီး " ငါက ကူညီချင်ပေမဲ့ အချို့သူတွေက လက်မခံဘူး .. နောက်ကို ငါ့ဆီက အကူအညီကို မျှော်လင့်မနေနဲ့တော့ .."

ယွမ်ရှောင်ရှောင်းက အိမ်တံခါးနားအရောက် နောက်လှည့်ကာ အထင်သေးသည့် လေသံဖြင့် "အော်.. ပိုင်ထိုက်ရှန့်ရဲ့ကိုယ်ထဲက သေခြင်းချီတွေက သွေးကြောတွေကို ဖျက်ဆီးနေတာဘဲ .. အဲ့ချီတွေကို ဖယ်ရှားနိုင်မှသာ နေမကောင်းပျောက်မှာ .. ပြီးတော့ အဲ့ချီတွေကို ငါတစ်ယောက်ဘဲ ဖယ်ရှားနိုင်တာ ... တစ်ယောက်ယောက်က ကုသနိုင်ခဲ့ရင် မဟုတ်ဘူး .. ငါကလွဲလို့ ဘယ်သူမှ ကုသနိုင်မှာ မဟုတ်ဘူး " သူမက ပြောပြီး ထွက်သွားရန် ပြင်လိုက်သည်။ အိမ်ထဲရှိ လူတိုင်းက ဆွံ့အနေသကဲ့သို့ ဘာမျြှပန်မပြောနိုင်ပေ ။

" ခန .." တိတ်ဆိတ်နေသည့် အခြေအနေအား အေးဆေးသည့် အသံတစ်ခုက ဖြိုခွင်းသွားသည်။ လူတိုင်းက ချင်းပေအား လှည့်ကြည့်လိုက်ကာ သူမ ဘာလုပ်မလဲ သိချင်နေပုံပေါ်သည်။ အိမ်ထဲတွင် ရေ‌နွေးခွက် ချလိုက်သည့် အသံသာ ကြီးစိုးနေသည်။ လူတိုင်းအသက်ပြင်းပြင်းမရှုရဲဘဲ .. ဖြစ်လာမည့် ကိစ္စကို စောင့်ဆိုင်းနေကြသည်။

Rebirth ( ပြန်လည်ရှင်သန်ခြင်း )Tempat cerita menjadi hidup. Temukan sekarang