" ငါတို့က လူသားတွေ မဟုတ်ဘူး .. လူသားမိန်းကလေးတစ်ယောက် ချစ်မိတာက အမှားတစ်ခုဘဲ .. မင်း ကိုယ့်ကိုယ်ကို ပြန်စဉ်းစားသင့်တယ် .. အခုချိန်မှာ ရပ်လိုက်ရင် ရသေးတယ်.. " အဖြူရောင် ရှေးခေတ်ဝတ်စုံကို သေသပ်စွာ ဝတ်ထားသည့် လူငယ်တစ်ယောက် က သူ့ဘေးနားတွင် ရပ်နေသော ရှန်းချွန်းမင်ကို ကြည့်ကာ ပြောလိုက်သည်။ သူက ရှန်းချွန်းမင်အား သေချာကြည့်ရင်း " ပြီးတော့ အခုချိန်မှာ မင်းက ရှေ့ဆက်မတိုးခဲ့လို့ရှိရင် သူမသေသွားတာနဲ့ အရာအားလုံးက တိတ်တဆိတ်ဘဲ ပြီးသွားလိမ့်မယ် .."
ရှန်းချွန်းမင်သည် ရုပ်သေဖြင့်သာ ရှိနေပြီး ဘာမျြှပန်မပြောခဲ့ပေ ။ ထိုလူငယ်က ရှန်းချွန်းမင် သည် ဆုံးဖြတ်ထားသည့် ကိစ္စအား ပြန်ပြင်ရန် မပြောနိုင်သဖြင့် ခေါင်းသာခါလိုက်တော့သည်။ သူက လက်ဝှေ့ယမ်းလိုက်သည်နဲ့ အလင်းတန်းတစ်ခုကျလာကာ .. ရှန်းချွန်းမင်၏နဖူးအတွင်းသို့ ဝင်သွားသည်။ ရှန်းချွန်းမင်က ငြင်းဆန်ခြင်းမပြုဘဲ အသာလက်ခံလိုက်သည်။
" ဒီ စည်းက ဒီလောကမှာ မင်းနေနိုင်ဖို့ အတိုင်းအတာ တစ်ခုထိဘဲ ကူညီနိုင်လိမ့်မယ် .. မင်းသိတဲ့အတိုင်း မင်းဝိညာဉ်ကို ထိန်းသိမ်းဖို့ ငါ့မှာ လုံလောက်တဲ့ စွမ်းအင် မရှိဘူး ..စည်းက မင်းကိုဘဲ နေနိုင်အောင် ကူညီပေးနိုင်ပြီး မင်းစွမ်းအားက အကန့်အသတ်ရှိလိမ့်မယ် ..ဒါက အချိန်ကြာလာရင် မင်းအတွက်လည်း မကောင်းသလို ငါ့အတွက် ၊ စကြာဝဠာအတွက်လည်း မကောင်းဘူး .. " သူက ရှန်းချွန်းမင်အား သူ့စကြာဝဠာအတွင်း ထည့်ထားရခြင်းသည် ပေါက်ကွဲခါနီး ဗုံးတစ်လုံး ထည့်ထားရသည်နဲ့ တူနေမှန်း သိသဖြင့် သတိပေးလိုက်သည်။ သူတို့လို့ အရှင်သခင်ဘွဲ့ ခံယူထားသည့်သူများအတွက် အခြားတစ်ယောက်၏ လောကကို သိမ်းပိုက်ခြင်းမရှိဘဲ ဝင်ရောက်ရခြင်းမှာ အလွန်အန္တရယ်များသည့် ကိစ္စဖြစ်သည်။ " ပြီးတော့ သူမက ကံကြမ္မာပန်းတိုင် ပိုင်ဆိုင်ထားတဲ့ တစ်ယောက်ရဲ့ ရန်သူဖြစ်နေတယ် .. ဒါက သူမအတွက် မကောင်းဘူး ..သူမနောက်လိုက်နေတဲ့ မင်းက အန္တရယ်တွေ ရင်ဆိုင်ရလိမ့်မယ်.. ငါက လူတိုင်းရဲ့ ကံကြမ္မာကို ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး .. "